Homeပြည်တွင်းသတင်းလက်ပန်လှကျေးရွာရှိ ရဲစခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၂၂ ဦးသေဆုံးပြီး ၃၀ ဝန်းကျင် ဒဏ်ရာရ

လက်ပန်လှကျေးရွာရှိ ရဲစခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၂၂ ဦးသေဆုံးပြီး ၃၀ ဝန်းကျင် ဒဏ်ရာရ

၃၀ ဇူလိုင် ၂၀၂၅

မန္တလေးတိုင်း ၊ စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာက ရဲစခန်းကို စစ်ကောင်စီက ဇူလိုင်လ ၂၉ ရက်ညနေပိုင်းက လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ပြစ်ဒဏ်ကျ အကျဉ်းသားတွေနဲ့ စစ်ဆေးနေဆဲ သံသယတရားခံတွေ ဖြစ်ကြတဲ့ အမျိုးသား ၂၁ ဦး နဲ့ အမျိုးသမီး ၁ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ (၃၀)ဝန်းကျင်ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွှေပန်းတောကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး အသက်ဆုံးရှုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေးက သတင်းထုတ်ပြန်ပါတယ်။

စဉ့်ကူးမြို့နယ် ဒေသခံ တဦးကတော့ “လက်ပန်လှ ရဲစခန်းကို ဗုံးကျဲခံရတယ်လို့ တော့ သိတယ်။ PDF တွေ ထိန်းချုပ်ထားတဲ့ နေရာပါပဲ။”လို့ New Day ​Myanmar ကိုပြောပါတယ်။

ဓါတ်ပုံ – MDY_PDF

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး