Homeပြည်တွင်းသတင်းပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ စစ်ကောင်စီတပ်သားဖြစ်လာသူ (၄)ဦး K.N.L.A ဆီကို လက်နက်နဲ့ အလင်းဝင်လာ

ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ စစ်ကောင်စီတပ်သားဖြစ်လာသူ (၄)ဦး K.N.L.A ဆီကို လက်နက်နဲ့ အလင်းဝင်လာ

၂၀ ဇူလိုင် ၂၀၂၅

ပြည်သူ့စစ်မှုထမ်း ဥပဒေနဲ့ စစ်ကောင်စီတပ်သားဖြစ်လာသူ (၄)ဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ထံကို လက်နက် တွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

အဲဒီ အလင်းဝင်လာသူတွေဟာ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ အမိန့်နဲ့အတင်းအဓမ္မ စစ်မှုထမ်းခေါ်ခံရသူတွေဖြစ်ပြီး၊ သူတို့ဟာ အပတ်စဉ်(၈) တပ်သား (၂) ဦးနဲ့အပတ်စဉ် (၅) တပ်သား (၂)ဦးတို့ဖြစ်တယ်လို့ KNUက အသိပေးထားပါတယ်။

အလင်းဝင်ရောက်လာသူ(၄)ဦးဟာ ဇူလိုင်လ (၈) ရက်က K.N.L.A ဆီကိုဝင်ရောက်လာတာဖြစ်ပြီး စစ်ကောင်စီရဲ့ခမရ၂၀ (ညောင်လေးပင်)နှင့် ခမရ၅၈၁ (ကော့သောင်း)တပ်တို့က ဖြစ်ပါတယ်။

အလင်းဝင်လာသူတွေဟာ စစ်ကောင်စီထံကနေ MA-11 ၊ MA-2 စတဲ့သေနတ်တွေအပြင် ကျည်လောက်(၈)ခုနဲ့ ကျည်ဆံတွေကိုပါ ယူဆောင်လာတာဖြစ်တဲ့အတွက် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၉) ကကြိုဆိုခဲ့ပြီး တစ်ဦးကို ဆုကြေးငွေ (၁၀) သိန်း ချီးမြင့်ခဲ့တယ်လို့ သိရပါတယ်။

အခုလို လက်နက်ချအလင်းဝင်လာမယ့်သူတွေကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနဲ့ တိုင်းရင်းသားတော် လှန်ရေးတပ်တွေကကြိုဆိုနေပြီး အတင်း အဓမ္မစုဆောင်းခံရတဲ့ တပ်သားသစ်တွေအနေနဲ့ စစ်အာဏာရှင်တွေ အလိုကျ တာ ဝန် ထမ်းဆောင်ခြင်းမပြုဘဲ မိမိတို့တာ ဝန်ကျရာ နယ်မြေအနီးမှာရှိတဲ့ တိုင်းရင်း သားတော်လှန်ရေးတပ်များဆီကို လက် နက်ချ အလင်းဝင်ရောက်ဖို့ တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ-KNU

Related News

Most Read