ရှမ်ါးပြာ်နယ် မြောက်ပိုင်း နောင်ချိုမြိုနယ်ရှိ လုံစံ၊ မျက်ချီးနု၊ လုံဝယ်၊ ဉာဏ်တော၊ နောင်လင် နဲ့ နောင်အော ကျေးတွေကြားမှာ စစ်တပ်နဲ့ တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ် ပွားနေတယ်လို့ TNLA ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။
နောင်လင်နှင့် နောင်အောကျေးရွာကြား ဇွန်လ ၂၇ ရက်နေ့ ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က လေကြောင်းဖြင့် ဗုံး (၂၀)လုံး၊ လက်နက်ကြီး (၃၁)လုံးပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ လုံစံကျေးရွာတွင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းလည်း စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာ ရောက်ကြဲချခဲ့သလို မျက်ချီးနု၊ လုံဝယ်နှင့် လုံစံကျေးရွာတွင်လည်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၂၂)လုံး လာရောက်ကြဲချတိုက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့သည့် ဇွန်လ (၂၆)ရက်နေ့တွင်လည်း နောင်ချိုမြိုနယ်ရှိ နောင်ဖာ၊ ဉာဏ်တော၊ လုံစံ၊ အုမ္မခါး နဲ့ နောင်လင် ကျေးရွာတွေတွင် စစ်တပ် နဲ့ တအာင်းတပ်မတော် TNLAတို တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွား နေချိန် စစ်ကောင်စီတပ်မှ လက်နက်ကြီး (၇၀)လုံး ၊ ဒရုန်းနဲ့ ဗုံး (၃၂)လုံး ပစ်ကူတိုက်ခိုက်ခဲ့ တယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိတွင် စစ်တပ်ရဲ့ အဆက်မပြတ်ထိုးစစ်ဆင်နေမှုတွကြောင့် နောင်ချိုမြိုနယ်တွင် တိုက်ပွဲများမကြာခဏ ဖြစ်ပွားလျှက်ရှိရာ မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့ ၊ စစ်ရေး သတိအမြဲရှိဖို့နဲ့ လေကြောင်းရန် ကာကွယ်နိုင်ဖို့ နည်းလမ်းတွေလိုက်နာဆောင်ရွက်ဖိုဇ့ လိုအပ်ကြောင်းလည်း သတိပေးထားပါတယ်။
ဓာတ်ပုံ – PSLF/TNLA


