Homeပြည်တွင်းသတင်းအပြည်ပြည်ဆိုင်ရာ က တရားစွဲခံရထားတဲ့ ရုရှားနဲ့ မြန်မာစစ်ကောင်စီ အချင်းချင်းကာကွယ်ပေးဖို့ သဘောတူ စာချုပ်လက်မှတ်ထိုး

အပြည်ပြည်ဆိုင်ရာ က တရားစွဲခံရထားတဲ့ ရုရှားနဲ့ မြန်မာစစ်ကောင်စီ အချင်းချင်းကာကွယ်ပေးဖို့ သဘောတူ စာချုပ်လက်မှတ်ထိုး

၂၆ မေ၊ ၂၀၂၅

အပြည်ပြည်ဆိုင်ရာ တရားရုံးတွေကနေ တရားစွဲဆိုခံထားရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မြန်မာစစ်ကောင်စီနဲ့ ရုရှားနိုင်ငံတို့ကြား အပြည်ပြည်ဆိုင်ရာတရားစီရင်ခြင်းမှ အပြန် အလှန်အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူ

စာချုပ်ကို လက်မှတ်ရေးထိုးလိုက်တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာမှာ မေလ ၂၆ ရက်က ဖော်ပြပါတယ်။

အဲ့ဒီစာချုပ်ကို မေ ၂၃ ရက်မှာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရုရှားရှေ့နေချုပ်ရုံးက ဦးဆောင် လက်မှတ်ရေးထိုးလိုက်တာဖြစ်ပြီး စစ်ကောင်စီရဲ့ပြည်ထောင်စုဝန်ကြီးနဲ့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်တဲ့ မြန်မာကိုယ်စား လှယ်အဖွဲ့တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်တွေနဲ့ အရာရှိ စစ်သား ၂၃ ဦးကို ရိုဟင်ဂျာတွေပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့က တရားရုံးက ဖမ်းဝရမ်း ထုတ်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ ရာဇဝတ်ခုံရုံးကပဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို နိုင်ငံတကာရာဇဝတ်ခုံံရုံး ICC မှာ တရားစွဲဆိုထားပြီး ဖမ်း၀ရမ်းထုတ်နိုင်တဲ့ အခြေအနေလည်း ရှိပါတယ်။

ရုရှား သမ္မတပူတင် ကို လည်း ယူကရိန်း စစ်ဆင်ရေးမှာ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံတကာရာဇဝတ်ခုံံရုံး ICC က ဖမ်၀ရမ်းထုတ်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read