Homeပြည်တွင်းသတင်းမွန်လက်နက်ကိုင် ၂ ဖွဲ့ပူးပေါင်းမှုကို TNLA ကြိုဆို

မွန်လက်နက်ကိုင် ၂ ဖွဲ့ပူးပေါင်းမှုကို TNLA ကြိုဆို

၂၅ မေ၊ ၂၀၂၅

မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA (AD) နဲ့ မွန်ပြည် လွတ်မြောက်ရေးတပ်တော် MLA တို့ပေါင်းစီးပြီး၊ Ramonnya Mon Army ရာမညတပ်တော်ကို ဖွဲ့စည်းလိုက်တယ်လို့ မေလ ၂၄ ရက်မှာ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒီလို ပူးပေါင်းမှုနဲ့ ပတ်သက်ပြီး ကြိုဆိုတယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA က မေလ ၂၄ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာပြည်က မွန်၊ ဝ၊ တအာင်း တို့ပါဝင်တဲ့ မွန်-ခမာ မျိုးနွယ်စုတွေဟာ သက်ဆိုင်ရာ လူမျိုးတွေကို စည်းရုံးပြီး သက်ဆိုင်ရာ နယ်မြေဒေသနဲ့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် အရည်အချင်း ပြည့်ပြီး ခိုင်မာအားကောင်းတဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို ကျစ်လစ်သိပ်သည်းစွာဖွဲ့စည်းလုပ်ဆောင်ဖို့ အထူး လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA အနေနဲ့ ဖွဲ့စည်းထူထောင် လိုက်တဲ့ ရာမညမွန်တပ်တော် -RMA ကို ဘဝတူတော်လှန်ရေးမဟာမိတ်အဖြစ်သတ်မှတ်ပြီး တော်လှန်ရေး ရည်မှန်းချက်ပန်းတိုင် အမြန်အောင်မြင်ရန် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read