TNLA ထိန်းချုပ်နယ်မြေ နောင်ချိုမြိုနယ် အုမ္မတီးရွာမှာ စစ်ကောင်စီတပ်က စနိုက်ဘာနဲ့ ချောင်းမြောင်း ပစ်ခတ်မှုကြောင့် စစ်ရှောင်စခန်းမှာခိုလှုံနေတဲ့ အရပ်သား(၁)ဦးပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်လားပါတယ်။
နောင်ချိုမြိုနယ်၊ အုမ္မတီးကျေးရွာရှိ စစ်ရှောင်စခန်းမှာ နေထိုင်တဲ့ အဖ ဦးအိုက်ဆံ၊ အမိ ဒေါ်အေးထွမ်းတို့ရဲ့ သားဖြစ်သူ အသက်(၂၇)နှစ်အရွယ် ဦးအိုက်လှိင်ကို စစ်တပ် က မေလ ၁၈ ရက် နံနက်(၈း၀၀)နာရီအချိန် စနိုက် ဘာသေနတ်နဲ့ ချောင်းမြောင်းပစ်ခတ်ခဲ့တာကြောင့် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက နောင်ချိုမြိုနယ်အတွင်းကို စစ်ကောင်စီတပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ အရပ်သားတွေကို ပစ်မှတ်ထားပြီးလေကြောင်း နဲ့ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်နေတယ် လို့လည်းဆိုပါတယ်။
မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်မှ အပစ်ရပ်သက်တမ်း (၁)လတိုးထားပေမယ့် နေ့စဉ်ဗုံးကြဲတိုက် ခိုက်မှုတွေရှိနေတာကြောင့် စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိရန်လိုအပ်တယ်လို့လည်း အသိပေးထားပါတယ်။
ဓာတ်ပုံ – PSLF/TNLA