စစ်ကောင်စီတပ်အနေနဲ့ ရက်ပေါင်း ၃၆ ရက် တစ်လကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၂၈၂ ကြီမ်ပြု လုပ်ခဲ့ ပြီး ပြည်သူ ၂၇၆ ဦးသေဆုံးခဲ့ကာ ၄၅၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ NUG လူ့အခွင့် အရေး ဆိုင်ရာဝန်ကြီးဌာန ရဲ့ စာရင်းတွေအရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်က မတ် ၂၈ ရက်ကနေ မေ ၂ ရက်အထိ ရက်ပေါင်း ၃၆ ရက်အတွင်းမှာ ရန်ကုန်တိုင်း နဲ့ နေပြည်တော်ကလွဲပြီး ကျန်ပြည်နယ်နဲ့တိုင်းတွေ အကုန်လုံးကို လေကြောင်းကနေ တိုက်ခိုက်မှု ၂၈၂ ကြိမ် အထိ ပြုလုပ်ခဲ့ရာ ပြည်သူ ၂၇၆ ဦး သေဆုံးပြီး ၄၅၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ NUG၊ လူ့အခွင့် အရေးဆိုင်ရာဝန်ကြီး ဌာနက ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။
စစ်ကောင်စီတပ်က အဆိုပါ ရက်အတွင်း ရန်ကုန်တိုင်း နဲ့ နေပြည်တော်ကလွဲပြီး ကျန်ပြည်နယ်နဲ့တိုင်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီး သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၃၁ ဦး၊ အသက် ၁၈ နှစ်အထက် က ၇၄ ဦး နဲ့ ကျန် ၁၇၁ ဦးက အသက်အရွယ် မသိရှိရဘူးလို့ ဆိုထားပါတယ်။
ဆက်လက်ပြီး ဒဏ်ရာရသူ ၄၅၆ ဦးထဲမှာ အသက် ၁၈ နှစ်အောက် ၄၅ ဦး ပါဝင်ပြီးတော့ အသက် ၁၈ နှစ် အထက် ၇၀ ဦး နဲ့ ကျန် ၃၄၁ ဦး ကတော့ အသက်အရွယ် မသိရှိရသေးဘူးလို့လည်း ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကြည့်မယ်ဆိုရင် စစ်ကိုင်းတိုင်းမှာ ၇၃ ကြိမ်အတွင်း ပြုလုပ်ခဲ့ရာ ၈၉ ဦးသေ ပြီး ၁၃၅ ဦး ဒဏ်ရာရ ၊ ချင်းပြည်နယ်မှာ ၁၄ ကြိမ်အတွင်း ၁၃ ဦးသေ ပြီး ၂၁ ဦး ဒဏ်ရာရ ၊ မကွေးတိုင်းမှာ ၂၉ ကြိမ်အတွင်း ၁၂ ဦးသေ ပြီး ၂၉ ဦး ဒဏ်ရာရ ၊ ကချင်ပြည်နယ်မှာ ၁၃ ကြိမ်အတွင်း ၄၁ ဦး သေပြီး ၃၅ ဦး ဒဏ်ရာရ ၊ မန္တလေးမှာ ၆၁ ကြိမ်အတွင်း ၆၅ ဦး သေပြီး ၁၁၈ ဦး ဒဏ်ရာရ ၊ ရှမ်းပြည်နယ်မှာ ၁၁ ကြိမ်အတွင်း ၇ ဦး သေပြီး ၆ ဦး ဒဏ်ရာရ နဲ့ ရခိုင်ပြည်မှာ ၁၅ ကြိမ်အတွင်း ၃ ဦးသေ ပြီး ၃၀ ဦး ဒဏ်ရာရ တယ်လို့ စာရင်းတွေအရ သိရပါတယ်။
ဒါအပြင် ကရင်နီပြည်မှာ ၆ ကြိမ်အတွင်း ၁၁ ဦး သေပြီး ၁၅ ဦး ဒဏ်ရာရ ၊ ပဲခူးတိုင်းမှာ ၁၉ ကြိမ်အတွင်း ၁၃ ဦးသေပြီး ၁၀ ဦး ဒဏ်ရာရ ၊ ကရင်ပြည်မှာ ၂၂ ကြိမ် ၁၀ ဦးသေ ပြီး ၄၇ ဦး ဒဏ်ရာရ ၊ ဧရာဝတီတိုင်းမှာ ၁၀ ကြိမ်အတွင်း ၃ ဦး သေ ပြီး ၁ ဦး ဒဏ်ရာ ၊ တနင်္ဿာရီတိုင်းမှာ ၈ ကြိမ်အတွင်း ၇ ဦးသေပြီး ၇ ဦး ဒဏ်ရာရ နဲ့ မွန်ပြည်နယ်မှာ ၁ ကြိမ်အတွင်း ၂ ဦးသေပြီး ၂ဦးဒဏ်ရာရတယ်လို့ ဖော်ပြထားပါတယ်။
ဓာတ်ပုံ – PSLF/TNLA