Homeပြည်တွင်းသတင်းဖလမ်းမြို့သိမ်းတိုက်ပွဲအောင်မြင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြော

ဖလမ်းမြို့သိမ်းတိုက်ပွဲအောင်မြင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ပြော

၁၀ ဧပြီ၊ ၂၀၂၅

ချင်းညီနောင် (CB) နဲ့မဟာမိတ်တပ်ဖွဲ့တွေရဲ့ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲ အောင်မြင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) က ထုတ်ပြန်ပါတယ်။

ဒီစစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်ကြတဲ့ ချင်းညီနောင် အဖွဲ့ဝင်များ(CB)နဲ့ မဟာမိတ်တပ်ဖွဲ့တွေ အားလုံးအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင် အပ်ပါသည်လို့ ဧပြီ ၁၀ ရက်မှာ သတင်းထုတ်ပြန်တာပါ။

“ပြည်ထောင်စုမြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကျဆုံးပြီး စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ ချင်းလဲန်းတည်ဆောက်ရေးနှင့် ချင်းလူမျိုးများကိုယ်ပိုင် ပြဌာန်းမှု အပြည့်အဝရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြပါရန် တော်လှန်ရေးအင်အားစု များအားလုံးကို တိုက်တွန်းအပ်ပါသည်။” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်မှ စတင်ခဲ့ရာ ၅လ ပြည်တဲ့ ၂၀၂၅ ဧပြီလ ၉ ရက်နေ့မှာ စစ်ကောင်စီကင်းစင်နယ်​မြေအဖြစ်​ ချင်းညီနောင်မဟာမိတ်ပူးပေါင်းအဖွဲ့က ဖော်​ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဓါတ်ပုံ – Chin Brotherhood

ဆက်စပ် သတင်းများ

Most read