Homeပြည်တွင်းသတင်းစစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၄ နှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းမှာ အရပ်သား ၅၃၀၀ ကျော်သေဆုံးခဲ့

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၄ နှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းမှာ အရပ်သား ၅၃၀၀ ကျော်သေဆုံးခဲ့

၁၂ မတ်၊၂၀၂၅

စစ်တပ်ကအဏာသိမ်းခဲ့ပြီးနောက် ၂၀၂၁ မတ်လကနေ ၂၀၂၅ ဇန်နဝါရီလအတွင်း အကြမ်းဖက်ဖြစ်စဉ် တွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ အရပ်သား ၅၃၀၀ ကျော်သေဆုံးခဲ့ရတယ်လို့ Data for Myanmar ထုတ်ပြန်ထားတဲ့စာရင်းတွေအရ သိရပါတယ်။

၂၀၂၁ ခုနှစ်မတ်လကနေ ၂၀၂၅ ခုနှစ်ဇန်နဝါရီလအတွင်း အကြမ်းဖက်မှု( Violence)တွေကြောင့် စစ်ကိုင်းတိုင်း အတွသ်းမှာ အရပ်သား ၅၃၀၄ ဦးသေဆုံးခဲ့ပြီး ၃၇၈၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Data for Myanmar ရဲ့ ဒီနေ့ မှာထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

၂၀၂၅ ခုနှစ်ဇန်နဝါရီလအတွင်း စစ်ကိုင်းအတွင်းက မြို့နယ် (၂၂) မြို့နယ်မှ အရပ်သား ၄၃ ဦးသေဆုံးခဲ့ပြီး ၆၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ရွှေဘိုခရိုင်းအတွင်း အရပ်သားသေဆုံးမှု ၁၄၀၀ ကျောရှိခဲ့တာကြောင့် ထိခိုက်မှုအများဆုံးဒေသဖြစ်ခဲ့ကြောင်းနဲ့ မုံရွာနဲ့ စစ်ကိုင်းခရိုင်တွေအတွင်းမှာ သေဆုံးသူ ၆၀၀ ကျော်ရှိခဲ့ပြီး ကန့်ဘလူ၊ယင်းမာပင်နဲ့ ကလေးခရိုင်တွေ အတွင်းမှာ သေဆုံးသူ ၅၀၀ ကျော်စီရှိခဲ့တယ်လို့ ဆိုပါတယ်။

အရပ်သားသေဆုံးမှုရဲ့ ၇၃ ရာခိုင်နှုန်းဟာ အရပ်သားတွေကိုပစ်မှတ်ထားသတ်ဖြတ်မှုတွေကြောင့်ဖြစ်ပြီး ၂၁ ရာခိုင်နှုန်းကတော့ လေကြောင်း၊ဒရုန်း၊လက်နက်ကြီး တိုက်ခိုက်မှုနဲ့ မိုင်းနင်းမိမှုတွေကြောင့်ဖြစ်တယ်လို့ ဆိုထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ၄၇၈ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၅၃၂ ဦး ရှိခဲ့ကြောင်းနဲ့ အရပ်သားသေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်နဲ့အထက် အမျိုးသားတွေက ၇၀ ရာခိုင်းနှုန်းပါရှိတယ်လို့လည်း သိရပါတယ်။

အမျိုးသမီးနဲ့ ကလေးငယ်တွေသေဆုံးရတဲ့အဓိက အကြောင်းအရင်းမှာ စစ်ကောင်စီရဲ့ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးတိုက်ခိုက်မှုတွေနဲ့ မြေမြုပ်မိုင်းနင်းမှုတွေကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ – စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်အချို့ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။

Photo – social media

ဆက်စပ် သတင်းများ

Most read