၇ မတ် ၊ ၂၀၂၅
တရုတ်ကလွဲရင် ရင်းနှီးမြှုပ်နှံမှုမရှိတဲ့မြန်မာနိုင်ငံမှာလာရောက် ရင်းနှီးမြှုပ်နှံဖို့ ရုရှားကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဖိတ်ခေါ်ခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ အင်အားကြီးနိုင်ငံများနှင့်ချိတ်ဆက်နေတဲ့အတွက် ရုရှားနိုင်ငံမှ ရင်းနှီးမြှုပ်နှံမည့်သူများအနေဖြင့် စျေးကွက်ရှာဖွေရန် ပိုမိုလွယ်ကူတယ်လို့စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဆိုပါတယ်။
ရုရှားနိုင်ငံရဲ့ မြင့်မားလွန်းတဲ့ နည်းပညာများကို အာရှနိုင်ငံတွေမှာ ဖြန့်ကျက်စေလိုပြီး ယင်း အခွင့်အရေးကို မြန်မာနိုင်ငံမှပေးချင်တယ်လို့ ၎င်းကပြောပါတယ်။
မြန်မာနိုင်ငံဟာ လူဦးရေ(၅၁)သန်းသာရှိသော်လည်း မြန်မာနိုင်ငံပတ်လည်၌ရှိသည့် နိုင်ငံများ၏ လူဦးရေမှာ (၂)ဘီလီယံကျော် (၃) ဘီလီယံခန့်ရှိပြီး အာဆီယံ(၁၀)နိုင်ငံအပြင် အင်အားကြီးနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနှင့် လူဦးရေများပြားသည့် ဘင်္လားဒေ့ရှ်နိုင်ငံတို့မှာ မြန်မာနိုင်ငံနှင့်ချိတ်ဆက်နေတာဖြစ်တယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာကျဆင်းနေပြီး ယခုဘဏ္ဍာနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၆၅၆.၁၅ သန်းသာရရှိထားပါတယ်။
နိုင်ငံရေး အပြောင်းအလဲ မဖြစ်ခင် ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်တဲ့ ပမာဏဟာ အမေရိကန်ဒေါ်လာ သန်း ၄၈၈၀ သန်းကျော်ရှိတာဖြစ်ပါတယ်။