၂ ဖေဖော်ဝါရီ ၊ ၂၀၂၅
မြန်မာနိုင်ငံက မတရားဖမ်းဆီးခံထားရတဲ့ သူတွေအားလုံးကို ပြန်လွှတ်ပေးဖို့အတွက် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီကပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီး ၄ နှစ်ပြည်မှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီက ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
“အပြစ်မဲ့ အရပ်သားတွေ နေ့စဉ် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်နဲ့ချီတဲ့ အတိုက်အခံ တွေကို နိုင်ငံရေး စွဲချက်တွေနဲ့ ထိန်းသိမ်းထားပါတယ်။ လေးနှစ်ကြာပေမယ့် ငါတို့ မမေ့နိုင်သေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ။ မတရားဖမ်းဆီးထားသူများအားလုံးကို လွှတ်ပေးပါ။ မြန်မာပြည်သူတွေ ထိုက်တန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို ပေးပါ။”လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီကပြောပါတယ်။