၂၁ ဇန်နဝါရီ ၊၂၀၂၅
ရခိုင်ပြည်နယ်အတွင်းမှာ အာရက္ခတပ်တော်က သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ မြို့သုံးဖြစ်တဲ့ စစ်တွေ၊ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တွေအတွင်းမှာ စစ်ကောင်စီတပ် နဲ့ AA တပ်တို့ကြားတိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရ ပါတယ်။
စစ်ကောင်စီမှာ အဆိုပါမြို့သုံးမြို့ကို လက်မလွှတ်ရအရေး လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ စနိုက်ဘာတွေနဲ့ တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသလို လေကြောင်း၊ ရေကြောင်းတွေမှလည်း ရမ်းသန်းပစ်ခတ်တိုက် ခိုက်မှုတွေ နေ့စဉ်နှင့်အမျှပြုလုပ်နေပြီး အထူးသဖြင့် ဒရုန်းတိုက်ခိုက်မှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုအသုံးပြုလာတယ်လို့ AA က ဇန်နဝါရီလ ၂၀ ရက်နေ့က အသိပေးထားပါတယ်။
စစ်ကောင်စီအနေနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အမ်း၊ တောင်ကုတ်၊ ဂွမြို့တွေက ၎င်းတို့ရဲ့ စစ်စခန်းတွေ အားလုံးကို တစ်ခုမကျန် လက်လွှတ်လိုက်ရပြီးနောက်တွင် ရက္ခိုင်ရိုးမ နဲ့ နယ်နိမိတ် ထိစပ်လျက်ရှိတဲ့ ရိုးမ တောင်တန်းနဲ့ ရက္ခိုင်-ပဲခူးအစပ်၊ ရက္ခိုင်-မကွေးအစပ်၊ ရက္ခိုင်-ဧရာဝတီတိုင်း အစပ် နဲ့ ရက္ခိုင်ရိုးမ-ဧရာဝတီ တိုင်းအစပ်တွေမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း ရက္ခိုင်-ဧရာဝတီတိုင်း အစပ်ရဲ့ နေရာအချို့၊ ပွိင့် (၃၆၉) ကုန်း နဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို၊ ချင်းစုကျေးရွာအနီးမှာလည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
တစ်ပတ်ကျော် ကြာဖြစ်ပွားနေတဲ့ တိုက်ပွဲ့တွေအတွင်း ရန်သူ့အလောင်းအမြောက်အမြားကို သိမ်းဆည်း ရမိသကဲ့သို လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ပြီး ရန်သူသုံပန်းအချိုကိုလည်း ဖမ်းဆီးရမိထားတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
Photo – AA Info Desk