Homeနိုင်ငံတကာသတင်းကျားဖြန့် လိမ်တာ ခံရလုနီးပါဖြစ်သွားတဲ့ ထိုင်းဝန်ကြီးချုပ် ပေတောင်တန်

ကျားဖြန့် လိမ်တာ ခံရလုနီးပါဖြစ်သွားတဲ့ ထိုင်းဝန်ကြီးချုပ် ပေတောင်တန်

၁၅ ဇန်နဝါရီ၊ ၂၀၂၅

ထိုင်းဝန်ကြီးချုပ်ပေတောင်တန်ရှင်နာဝပ်ထရာက သူမကိုယ်တိုင် အေအိုင်နည်းပညာသုံးပြီး ငွေလိမ်ဂိုဏ်းတစ်ခုက ငွေလိမ်ဖို့ ကြိုးစားခံခဲ့ရသေးတယ်လို့ ဇန်နဝါရီလ ၁၅ ရက်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်၊

AI နည်းပညာ သုံးပြီး နိုင်ငံတစ်ခုက ခေါင်းဆောင်တစ်ဦးအဖြစ်ဟန်ဆောင်ကာ ဝန်ကြီးချုပ်ပေတောင်တန်ကို နိုင်ငံအတွက် အလှူငွေတွေ မလှူဒါန်းရသေးကြောင်း ၊ တခြားအာဆီယံခေါင်းဆောင်တွေ လှူထားပြီးပြီဖြစ်ကြောင်း ပြောဆိုခဲ့ရာမှာ သူမကိုယ်တိုင် ယုံမိမလို ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

သူမဖုန်းမှာ အသံမက်ဆေ့ချ် ချန်ထားခဲ့တဲ့ ‘နိုင်ငံခြားခေါင်းဆောင်’ နဲ့ သူမဆီကိုပေးပို့တဲ့ အကောင့်နံပါတ်က သူ့ဖုန်းမှာ တစ်နိုင်ငံတည်းမဟုတ်တာကို သိရှိတဲ့အခါမှာ ဝန်ကြီးချုပ်က သတိထားမိပြီး နည်းပညာဝန်ကြီး Prasert Chantararuanthong ကို စောင့်ကြည့်ဖို့ သတိပေးခဲ့ပါတယ်။

ဒီကိစ္စနဲ့မသက်ဆိုင်ပေမယ့် သူမအဖေ နိုင်ငံခြားမှာရှိတုန်းကလည်း သက်ဆင်က သာမန်ပြည်သူတွေကို ပိုက်ဆံပေးဖို့ဆိုပြီး လိမ်လည်သူတချို့ရှိခဲ့ဖူးတယ်လို့ သူမက ဆိုပါတယ်။

(Ref – Khaosod English)

ဆက်စပ် သတင်းများ

Most read