Homeပြည်တွင်းသတင်းမူဆယ်မှာ ပြည်မက အလုပ်သမားအလုပ်သမား (၅၀၀)ကျော် ပိတ်လှောင်ခံထားရကြောင်း TNLA ထုတ်ပြန်

မူဆယ်မှာ ပြည်မက အလုပ်သမားအလုပ်သမား (၅၀၀)ကျော် ပိတ်လှောင်ခံထားရကြောင်း TNLA ထုတ်ပြန်

၂၅ ဒီဇင်ဘာ၊၂၀၂၄

မြန်မာ-တရုတ်နယ်စပ် စစ်ကောင်စီထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ အလုပ်လုပ်ဖို့ ပွဲစားက ခေါ်ယူထားတဲ့ အလုပ်သမား (၅၀၀)ကျော် မြို့တွင်းက ဂိုဒေါင်တွေနဲ့ နေအိမ်တစ်ချို့မှာ ပိတ်လှောင်ခံ ထားရတယ်လို့ TNLA ဒီဇင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မြန်မာ့စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်းစျေးနှုန်းမြင့်တက်မှုနဲ့ အလုပ်အကိုင်ရှားပါးမှုကြောင့် မြန်မာနိုင်ငံအောက်ပိုင်းရှိ ပြည်သူတွေကို ပွဲစားမှ တစ်ဆင့်တရုတ်နိုင်ငံမှာ အလုပ်ကောင်း လစာကောင်း ရရှိမည်ဖြစ်ကြောင်း မက်လုံးပေးအယုံသွင်းပြီးခေါ်ယူထားတာလို့ သိရပါတယ်။

အဆိုပါပွဲစားမှ ခေါ်ဆောင်လာတဲ့ လူ(၅၀၀)ကျော်အတွင်း အသက် (၂၀)ကျော်အရွယ် အမျိုးသမီးတွေ ဆုံးပါ ဝင်ပြီး ၎င်းတိုကို မူဆယ်မြို့တွင်းရှိ သိန်းသန်းချီ ကားကြီးကွင်းဂိုဒေါင်းမှာ ပိတ်လှောင်ခံထားသလို ရပ်ကွက် အချိုရှိ ဂိုဒေါင်တွေမှာလည်း အများအပြားပိတ်လှောင်ခံထားရတယ်လို့ TNLAက ဆိုပါတယ်။

ဒီလို ပိတ်လှောင်ခံထားရသူတွေမှာ (၃)လကျော်တဲ့အထိ (ယနေ့)ထိ အလုပ်မရရှိသေးပဲ ပိတ်လှောင်ခံထားရဆဲ ဖြစ်ကြောင်းနဲ့ လက်ရှိမှာ အလုပ်ပွဲစားမှ ၎င်းတို့ကို ဂိုဒေါင်းအတွင်းပိတ်လှောင်ထားပြီး အစားပုံမှန်မကျွေးဘဲ နေရပ် ပြန်လိုသူတွေကိုလည်း လျော်ကြေး သိန်း(၆၀) တောင်းနေတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ ပိတ်လှောင်ခံထားရသူတွေအနက် ထွက်ပြေးလွတ်မြောက်လာသူအချိုရှိနေသလို ကျန်ရစ်နေ သူတွေလည်း လွတ်မြောက်ဖို့ အကူအညီမဲ့နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။။

Photo – PSlF/TNLA

ဆက်စပ် သတင်းများ

Most read