Homeပြည်တွင်းသတင်းနိုဝင်ဘာလအတွင်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၆၁ ဦး သေဆုံး ၆၃ ဦး ဒဏ်ရာရရှိကြောင်း BWU ထုတ်ပြန်

နိုဝင်ဘာလအတွင်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၆၁ ဦး သေဆုံး ၆၃ ဦး ဒဏ်ရာရရှိကြောင်း BWU ထုတ်ပြန်

၆ ဒီဇင်ဘာ၊ ၂၀၂၄

နိုဝင်ဘာလအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီး ၆၁ ဦးသေဆုံးပြီး ၆၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဒီဇင်ဘာလ ၅ ရက်က ထုတ်ပြန်ပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီး ၃၇ ဦး သေဆုံးခဲ့ပြီး အရပ်သားဒေသခံတွေရှိတဲ့နေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ၁၆ ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူတွေထဲ ရှမ်းပြည်နယ်က ၁၅ ဦး၊ ရခိုင်ပြည်နယ်က ၁၃ ဦး၊ မန္တလေးက ၁၁ ဦးနဲ့ စစ်ကိုင်းတိုင်းက ၁၀ ဦး ပါဝင်ပြီး သေဆုံးရတဲ့အကြောင်းရင်းထဲမှာ မတရားသတ်ဖြတ်တာကြောင့် ငါးဦး၊ မြေမြှုပ်မိုင်းကြောင့် နှစ်ဦး ၊ မီးရှို့သတ်ဖြတ်မှုကြောင့် တစ်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာလည်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၇၁ ဦးသေဆုံးပြီး ၄၄ ဦး ဒဏ်ရာရရှိကြောင်း BWU က ထုတ်ပြန်ပါတယ်။

ဒီစာရင်းတွေကို သတင်းမီဒီယာတွေကနေ စုစည်းကောက်ယူထားတာဖြစ်တယ်လို့ BWU က ဆိုပါတယ်။

ပုံစာ – ရေဦးမြို့နယ်တွင်း စစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူများ

Photo – ရေဦးမြို့နယ် စစ်ရှောင်ပြည်သူထောက်ပံ့ရေး

ဆက်စပ် သတင်းများ

Most read