Homeနိုင်ငံတကာသတင်းဆီးရီးယားနိုင်ငံရဲ့ အစိုးရရုံးတွေစိုက်ရာ အလက်ပိုမြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့

ဆီးရီးယားနိုင်ငံရဲ့ အစိုးရရုံးတွေစိုက်ရာ အလက်ပိုမြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့

ပြည်တွင်းစစ်တွေဖြစ်ပွားနေတဲ့ ဆီးရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက အတိုက်အခံတော်လှန်ရေးအင် အားစုတွေဖြစ်တဲ့ အစ္စလာမ္မစ်စစ်အုပ်စု Hayat Tahrir al-Sham (HTS) အဖွဲ့နဲ့ မဟာမိတ်တွေက နိုင်ငံရဲ့ အစိုးရရုံးတွေရှိတဲ့ အလက်ပိုမြို့ကိုရုတ်တရက်ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဆီးရီးယားသမ္မတအာဆတ်ဟာ မြို့ကနေ ထွက်ပြေးခဲ့ရတယ်လို့ နိုင်ငံတကာသတင်းများမှာ ဖော်ပြထားပါတယ်။

အတိုက်အခံတော်လှန်ရေးအင်အားစုတွေဟာ အ လက်ပိုမြို့ရဲ့ လေဆိပ်၊အစိုးရရုံးတွေ၊အထင်ကရနေရာတွေနဲ့ တက္ကသိုလ်တို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြပြီး ထွက် ပြေးသွားတဲ့ ဆီးရီးယားသမ္မတအာဆတ်ကတော့ သူ့ရဲ့မဟာမိတ်တွေဖြစ်တဲ့ ရုရှားနဲ့အီရန်တို့ရဲ့အကူအညီနဲ့အ လက်ပိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ပြန်လည် ကြေညာခဲ့ပါတယ်။

အလက်ပိုမြို့မှာ သမ္မတအာဆတ်ရဲ့တပ်တွေနဲ့ အတိုက် အခံတော်လှန်ရေးအင်အားစုတွေအကြား ဖြစ် ပွားခဲ့ရတဲ့ တိုက်ပွဲများကြောင့် ပြည်သူ အနည်းဆုံး၁၆ဦးလောက် သေဆုံးခဲ့ပြီး ၂၀ဦးကျော်ဒဏ်ရာတွေရခဲ့ကြတယ်လို့ ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (SOHR) ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read