Homeပြည်တွင်းသတင်းအင်ဒိုသမ္မတသစ်နဲ့ အမေရိကန်သမ္မတ တွေ့ဆုံမှုမှာ မြန်မာ့အရေးထည့်သွင်းဆွေးနွေး

အင်ဒိုသမ္မတသစ်နဲ့ အမေရိကန်သမ္မတ တွေ့ဆုံမှုမှာ မြန်မာ့အရေးထည့်သွင်းဆွေးနွေး

၁၄ နိုဝင်ဘာ၊ ၂၀၂၄

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နဲ့ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီရန်တိုတို့တွေ့ဆုံပြီး နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ကမ္ဘာ့အရေးဆွေးနွေးမှုတွေမှာ မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေးပြီး မြန်မာနိုင်ငံမှာ အရပ်သားတွေကို အကြမ်းဖက်နေမှုအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့တယ်လို့ သမ္မတအိမ်ဖြူတော်ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နိုဝင်ဘာ ၁၂ ရက်က ဝါရှင်တန်ဒီစီမြို့တော်က သမ္မတ အိမ်ဖြူတော်မှာ သမ္မတနှစ်ဦး တွေ့ဆုံပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ အာဏာသိမ်းစစ်ကောင်စီကို ပြစ်တင်ရှုတ်ချပြီး အရပ်သားတွေကို အကြမ်းဖက်တဲ့ လုပ်ရပ်တွေ ချက်ချင်းရပ်ဆိုင်းဖို့ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

သမ္မတနှစ်ဦးရဲ့ တွေ့ဆုံချိန်မှာ မြန်မာ့အရေးပဋိပက္ခဖြေရှင်းဖို့ အာဆီယံ- အရှေ့တောင် အာရှနိုင်ငံများ အသင်းက ကြိုးပမ်းတာတွေကို သမ္မတ ဘိုင်ဒင်က ထောက်ခံတယ်လို့ ဆိုပါတယ်။ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့နဲ့ မြန်မာ့အရေးမှာ ထိရောက်စွာကူညီနိုင်ဖို့ ကြိုးစားအားထုတ်တဲ့ အာဆီယံအဖွဲ့နဲ့ ကုလသမဂ္ဂအဖွဲ့တွေရဲ့ ကြိုးပမ်းမှုတွေကိုလည်း ဖော်ထုတ်ပြီးချီးကျူးခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို တမျိုးသားလုံး ပါဝင်နိုင်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့၊ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ပြန်ပြီး လျှောက်လှမ်းဖို့ သမ္မတနှစ်ဦးလုံးက တိုက်တွန်းတယ်လို့ ဆိုပါတယ်။ ပဋိပက္ခနဲ့ပတ်သတ်နေတဲ့အဖွဲ့အစည်းတွေအားလုံး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ဖို့၊ အရပ်သားထိခိုက်မှုမရှိအောင် ကာကွယ်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ ရောက်ရှိနိုင်အောင် စီစဉ်ပေးဖို့ တိုက်တွန်းတယ်လို့ Antara သတင်းဌာနက နိုဝင်ဘာ ၁၃ ရက်မှာ ရေးသားဖော်ပြပါတယ်။

Photo – Antara

ဆက်စပ် သတင်းများ

Most read