Homeပြည်တွင်းသတင်းTNLA ထိန်းချုပ်နယ်မြေအတွင်းသို့ တင်သွင်းလာသည့် ပြည်မမှသွင်းကုန်းတွေအပေါ် အခွန်ကင်းလွတ်ခွင့်ပြု

TNLA ထိန်းချုပ်နယ်မြေအတွင်းသို့ တင်သွင်းလာသည့် ပြည်မမှသွင်းကုန်းတွေအပေါ် အခွန်ကင်းလွတ်ခွင့်ပြု

၆ နိုဝင်ဘာ ၊၂၀၂၄

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)နယ်မြေအတွင်းကို ပြည်မမှတင်သွင်းလာတဲ့ သွင်း ကုန်တွေအပေါ် အခွန်ကင်းလွတ်ခွင့်ပြုတယ်လို့ TNLA က နိုဝင်ဘာလ ၅ ရက်နေ့က ထုတ်ပြန်အသိပေးလာ ပါတယ်။

TNLA ထိန်းချုပ်နယ်မြေအတွင်းရှိ ဒေသခံပြည်သူလူထုရဲ့ အခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့ ပြည်မကတင်သွင်း လာတဲ့ ကုန်တွေအပေါ် အခွန်ကင်းလွတ်ခွင့်ကို အောက်တိုဘာလ ၂၅ ရက်နေ့ကတည်းက အခွန်ကင်းလွတ်ခွင့် ပြုခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်(မန္တလေး)မှ တအာင်းပြည်အတွင်းသိုတင်သွင်းလာတဲ့ သွင်းကုန်တွေဖြစ်တဲ့ စားသောက်ကုန် ပစ္စည်း များ၊ စက်သုံးဆီအမျိုးမျိုး၊ အိမ်သုံးကုန်ပစ္စည်းတွနဲ့ တအာင်းပြည်အတွင်း အချင်းချင်း ကူသန်း ရောင်း ဝယ်မှုနဲ့ သွင်းကုန်/ပိုကုန်အပေါ် အခွန်ကောက်ခံမည်မဟုတ်ကြောင်းနဲ့ ဒေသခံပြည်သူလူထုများအပေါ် အခွန်ကင်း လွတ်ခွင့်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် တရုတ်သွင်းကုန်များအား TNLA ထိန်းချုပ်နယ်မြေအတွင်းမှ မြန်မာပြည် (မန္တလေး)သို့ တင်ပို့မည်ဆိုပါက ထိုကုန်ပစ္စည်းတွေအပေါ် TNLA က အခွတ်ကောက်ခံသွားမှာဖြစ်တယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read