Homeပြည်တွင်းသတင်းရခိုင်ပြည်နယ်အတွင်း မောင်တော၊ အမ်း၊ ကျိန္တလီမြို့ ပတ်ဝန်းကျင်တွေမှာ AA နဲ့ စစ်ကောင်စီ နှင့်အတူ စစ်ရေး လှုပ်ရှားနေတဲ့ ARSA...

ရခိုင်ပြည်နယ်အတွင်း မောင်တော၊ အမ်း၊ ကျိန္တလီမြို့ ပတ်ဝန်းကျင်တွေမှာ AA နဲ့ စစ်ကောင်စီ နှင့်အတူ စစ်ရေး လှုပ်ရှားနေတဲ့ ARSA ၊ RSO ၊ ARA တပ်တွေနဲ့ နေ့စဉ်ရက်ဆက် တိုက်ပွဲများဖြစ်ပွားနေ

၂၃ အောက်တိုဘာ၊၂၀၂၄

ရခိုင်ပြည်နယ်အတွင်း မောင်တော၊ အမ်း၊ ကျိန္တလီမြို့ ပတ်ဝန်းကျင်တွေမှာ AA နဲ့ စစ်ကောင်စီ နှင့်အတူ စစ်ရေး လှုပ်ရှားနေတဲ့ ARSA ၊ RSO ၊ ARA တပ်တွေနဲ့ နေ့စဉ်ရက်ဆက် တိုက်ပွဲများဖြစ်ပွားနေပြီး ရက္ခိုင့်တပ်တော် AA က ARSA တပ်စခန်း ၄ ခုကို သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြလာပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ နဲ့ အတူ ARSA ၊ RSO ၊ ARA တပ်တွေက စစ်ရေးလှုပ်ရှားလာတာကြောင့် ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ် လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာတယ် လို့ လည်း AA က ဆိုထားပါတယ်။

ARSA၊ RSO၊ ARA လက်နက်ကိုင်တပ်ဖွဲ့တွေက အရပ်သားပြည်သူလူထုတွေကို လာရောက်ဖမ်းဆီး ခေါ်ဆောင် သွားခြင်း၊ သတ်ဖြတ်သွားခြင်း၊ ပြန်ပေးဆွဲခြင်း၊ ငွေညှစ်ခြင်းတွေကို ဆက်တိုက် ကျူးလွန်လုပ်ဆောင် လျက်ရှိ ကြောင်း၊ ထို့အတူ အချို့နေရာတွေမှာ အကြမ်းဖက်စစ်ကောင်စီနဲ့အတူ ARSA ၊ RSO၊ ARA လက်နက်ကိုင် တပ် ဖွဲ့ တွေ ပူးတွဲစစ်ရေးလှုပ်ရှားကာ AA ကို လာရောက်တိုက်ခိုက်မှုတွေဂရှိတယ်လို့လည်း ဆိုပါတယ်။

အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကြမ်းဖက်အန္တရာယ်မှာ အာရက္ခဒေသ အတွင်းမှာသာမက ဘင်္ဂလားဒေ့ရှ်-အာရက္ခ နယ်စပ် နှစ်ဖက်တွင်နေထိုင်ကြတဲ့ အရပ်သားပြည်သူ လူထုတွေအတွက်ပါ များစွာစိုးရိမ်စရာ ကောင်း ပြီး အဆိုပါအခြေအနေက စိန်ခေါ်မှု အသစ်တစ်ခု ဖြစ်လာခဲ့ပြီး ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပြည်သူ့ လုံခြုံရေးတို့ကို စိန်ခေါ်လျက်ရှိတယ်လို့လည်း AA က ပြောဆိုထားပါတယ်။

ရခိုင်ပြည်၊ မောင်တောနဲ့ ဘူးသီးတောင်မြို့ပတ်ဝန်းကျင်တွေမှာ ARSA ၊ RSO ၊ ARA လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ ခိုအောင်းနိုင်တဲ့ နေရာတွေနဲ့ စစ်ကောင်စီက သင်တန်းပေး လက်နက်တပ်ဆင်ပေးထားတဲ့ လက်နက်ကိုင် အချို့ကို AA က လိုက်လံတိုက်ခိုက်လျက်ရှိကြောင်း၊ အောက်တို ဘာလ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်အချိန် AA နဲ့ ARSAတို့အကြား ဘူးသီးတောင်မြိုနယ်၊ ခရုချောင်း ကျေးရွာရဲ့ အနောက်မြောက် ဘက်ရှိ တောင်တန်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိတွေ့တိုက်ပွဲ ၅ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီးနောက် ARSA လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အခိုင်အမာစခန်းချနေထိုင်ခဲ့သော နေရာ ၄ နေရာ၊ အကြမ်းဖက် စစ်ကောင်စီက တပ်ဆင်ပေးထားသော လက်နက်ခဲယမ်းများအပြင် လက်နက်ကိုင်တပ်ဖွဲ့ဝင်တို့၏ အလောင်းအချို့တိုကိုပါ သိမ်းဆည်းရရှိခဲ့ကြောင်း AA က ဆိုပါတယ်။

အလားတူ အောက်တိုဘာလ ၂၂ ရက်၊ မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်ခန့်အချိန်တွင်လည်း မောင်တောမြိုနယ်၊ ဂြင်းတောစခန်း၏ အရှေ့ဘက်တွင် ထွက်ပြေးနေသော ARSA လက် နက်ကိုင် တပ်ဖွဲဝင်များနှင့် မိနစ်အနည်း ငယ်ခန့်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း၊ တပြိုင်နက် တည်း တွင် ထွက်ပြေးလွတ်မြောက်နေသော လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီက စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင် ပေးထားသူ တွေကို AA က လိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိတယ်လို့လည်း ဆိုပါတယ်။

ပုံစာ – ARSA လက် နက်ကိုင် တပ်ဖွဲဝင်များ စခန်းချခဲ့သည့်နေရာများ

Photo – AA Info Desk

ဆက်စပ် သတင်းများ

Most read