Homeပြည်တွင်းသတင်းနောင်ချိုမြို့နဲ့အနီးပတ်ဝန်းကျင်ကို သုံးရက်ဆက်တိုက် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

နောင်ချိုမြို့နဲ့အနီးပတ်ဝန်းကျင်ကို သုံးရက်ဆက်တိုက် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

၁၅ စက်တင်ဘာ၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြိုအတွင်းနဲ့ အနားဝန်းကျင်ရွာတွေကို စစ်ကောင်စီလေတပ်က ပေါင်(၅၀၀) ဗုံး(၂) လုံးနဲ့ ရော့ကတ်ဒုံးတွေ အသုံးပြုပြီး စက်တင်ဘာ ၁၃၊ ၁၄၊ ၁၅ သုံးရက်ဆက်တိုက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၅ ရက် ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီနဲ့ တအာင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတဲ့ တောင်ခမ်းကျေးရွာ၊ တောင်ရွှေကျေးရွာနှင့် စစ်ကောင်စီတပ် အမတ (၃၅၄)တပ်စခန်းတို့မှာ နေရာတွင် Y12နဲ့ (၇)ကြိမ် ဗုံး (၆၀)လုံး၊ အေးရှားဝေါနေရာတွင် Jet Fighter ဖြင့်(၂)ကြိမ် လာရောက်ကြဲချခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ (၁၄)ရက် မနေ့က နေ့လည်(၁း၀၀)နာရီအချိန်မှ(၂း၃၀)နာရီအထိ စစ်ကောင်စီလေတပ်က Jet fighterနဲ့ပေါင်(၅၀၀) ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ တစ်လုံးပေါက်ကွဲခဲ့ပြီး တစ်လုံးက မပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။ လေကြောင်းကနေပြီး ရော့ကတ်ဒုံးနဲ့ (၈)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ပေါင် ၅၀၀ ဗုံး ၁လုံးဟာ နောင်ချိုမြို လူနေရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်နေတွေ ပျက်စီးခဲ့ပါတယ်။ စစ်ကောင်စီလေတပ်ဟာ စက်တင်ဘာလ ၁၃ ရက်မှာလည်း လေကြောင်း အသုံးပြုပြီး နောင်ချိုမြိုအတွင်း ဗုံး(၁၃)လုံး လာရောက်ကြဲချတိုက်ခိုက်ထားတယ်လို့ TNLA က ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ မြန်မာနိုင်ငံတဝန်း ရေဘေးအန္တရာယ်ရင်ဆိုင်နေတဲ့အချိန်မှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကိုးကန့်နယ်အတွင်း စစ်ရှောင်စခန်းတွေနဲ့ အရပ်သားပစ်မှတ်တွေကို ဦးတည်ပြီး လူအများအပြားသေစေနိုင်တဲ့ ဖျက်အားပြင်းလက်နက် ပေါင်(၅၀၀)ဗုံးတွေနဲ့ နေ့စဉ် တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်နေတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

Photo – PSLF/TNLA

ဆက်စပ် သတင်းများ

Most read