Homeပြည်တွင်းသတင်းနောင်ချိုမြို့ရှိ အရပ်သားတွေနေထိုင်ရာနေရာတွေကို စစ်ကောင်စီ လေကြောင်းသုံးပြီး ဗုံး(၁၃)လုံး ကြဲချ

နောင်ချိုမြို့ရှိ အရပ်သားတွေနေထိုင်ရာနေရာတွေကို စစ်ကောင်စီ လေကြောင်းသုံးပြီး ဗုံး(၁၃)လုံး ကြဲချ

၁၄ စက်တင်ဘာ၊၂၀၂၄

နောင်ချိုမြိုမှာရှိတဲ့ အရပ်သားပြည်သူနေထိုင်ရာနေရာတွေကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံး (၁၃) လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် PSLF/TNLA ကထုတ်ပြန်ပါတယ်။

စက်တင်ဘာလ (၁၃)ရက် မနေ့က နေ့လည်(၁၂း၃၀)နာရီအချိန်မှ (၁း၃၀)နာရီအချိန်ထိ လေကြောင်းမှတစ်ဆင့် ထပ်ခါထပ်ခါ လာရောက်ပစ်ခတ်တိုက်ခဲ့ခြင်းဖြစ်ကြီး ဒီလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုရဲစခန်းဝန်း အတွင်းနဲ့ လူနေရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးများ ထိခိုက်ပျက်စီသွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် စက်တင်ဘာလ (၆)ရက်နေ့ကလည်း နမ့်ခမ်းမြို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင့်အသုံးပြုပြီး ပေါင် (၅၀၀)ဗုံးနဲ့ လာရောက်ကြဲချမှုကြောင့် အရပ်သား(၁၁)ဦး သေဆုံးပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်အနေနဲ့ TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနဲ့ နမ့်ခမ်းမြို့တွေရှိ အရပ်သားပစ်မှတ်တွေကိုဦးတည်ကာ လူအများအပြားသေစေနိုင်တဲ့ ပေါင်(၅၀၀)နဲ့ နေ့စဥ်လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတယ်လို့လည်း TNLA က ဆိုထားပါတယ်။

ပုံစာ – (နောင်ချိုရဲစခန်းဝန်းအတွင်း ဗုံးကျရောက်ပေါက်ကွဲခဲ့မှုများ)
Photo-PSLF/TNLA

ဆက်စပ် သတင်းများ

Most read