Homeပြည်တွင်းသတင်းပေါက်တောမှာ စစ်သုံပန်းနဲ့ အကျဉ်းသားတွေဆေးကုနေတဲ့ နေရာကို စစ်ကောင်စီလေကြောင်းနဲ့တိုက်ခိုက် ၁၇ ဦးသေဆုံး

ပေါက်တောမှာ စစ်သုံပန်းနဲ့ အကျဉ်းသားတွေဆေးကုနေတဲ့ နေရာကို စစ်ကောင်စီလေကြောင်းနဲ့တိုက်ခိုက် ၁၇ ဦးသေဆုံး

၁၀ စက်တင်ဘာ၊၂၀၂၄

ရက္ခိုင်ပြည်၊ ပေါက်တောမြိုနယ်၊ ရှင်ရွာ ကျေးရွာမှာရှိတဲ့ စစ်သုံပန်းတွေနဲ့အကျဉ်းသားတွေ ဆေးကုသပေးနေ တဲ့နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် (၁၇) ဦး သေဆုံးကာ ဒဏ်ရာရရှိသူ (၁၀) ဦးရှိခဲ့ တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်မှုအရ သိရပါတယ်။

စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်၊ ညနေ (၆) နာရီ (၅၀) မိနစ် နဲ့ (၅၅) မိနစ်အချိန်တွေမှာ စစ်သုံပန်းတွေ နဲ့ အကျဉ်းသားတွေကို ဆေးကုသပေးနေတဲ့ နေရာတစ်နေရာအား ဂျက်တိုက်လေယာဉ်နဲ့ (၂) ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်ကြောင့် သေဆုံးသွားသူတွေထဲမှာ စစ်ကောင်စီရဲ့ သုံပန်းတွေထဲက ကျန်းမာရေးဆိုးဝါးလို့ ဆေးကု သဖို့ လိုအပ်နေတဲ့ အရာရှိကြီးတချို၊ စစ်ကောင်စီရဲ့ သတင်းပေးတွေနဲ့ မိမိတို့ရဲ့ သတင်းတွေကို စစ်ကောင်စီ ထံပေးပို့နေတယ်လို့ သံသယနဲ့ ဖမ်းဆီးစစ်ဆေးနေသူတချို့ ၊ ပြစ်ဒဏ်ကျခံနေရသူတချို့ ၊ ၎င်းအကျဉ်းစခန်း ထိန်းသိမ်းရေးတာဝန်ရှိသူတချို့ ၊ မိမိတိုရဲ့ ကျန်းမာရေးဝန်ထမ်းတချို့ နဲ့ ၎င်းအနီးပတ်ဝန်းကျင်ရှိ အရပ်သား ပြည်သူ၊ ကလေးတချိုပါဝင်ခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့ကလည်း စစ်တွေမြိုရှိ စစ်ကောင်စီရဲ့ အမှတ် (၁၂) ရဲတပ်ရင်းနဲ့ ပွိင့်ရေတပ်စခန်းတွေက ပေါက်တောမြိုအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြစ်မဲ့အရပ်သားပြည်သူနေအိမ်အချိုပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။။

Photo – AA Info Desk

ဆက်စပ် သတင်းများ

Most read