Homeပြည်တွင်းသတင်းအလွတ်တန်းသတင်းထောက်များသေဆုံးမှုအပေါ် မြန်မာသတင်းစာဆရာများအစည်းအရုံး IMJA ပြင်းထန်စွာကန့်ကွက်ရှုတ်ချ

အလွတ်တန်းသတင်းထောက်များသေဆုံးမှုအပေါ် မြန်မာသတင်းစာဆရာများအစည်းအရုံး IMJA ပြင်းထန်စွာကန့်ကွက်ရှုတ်ချ

၂၃ ဩဂုတ်၊၂၀၂၄

အလွတ်တန်းသတင်းထောက်တွေဖြစ်တဲ့ ကိုဝင်းထွဋ်ဦးနဲ့ ကိုထက်မြတ်သူတို့ကို စစ်ကောင်စီတပ်သား တွေကဩဂုတ်လ ၂၁ ရက်မနက် ၉ နာရီခန့်က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာရှိ ကိုထက်မြတ်သူရဲ့ နေအိမ်ကို ဝင်ရောက် စီးနင်းစဉ် ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အပေါ် မြန်မာသတင်း စာဆရာများအစည်းအရုံး IMJA က ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေက ကိုဝင်းထွဋ်ဦးနဲ့ ကိုထက်မြတ်သူတို့ကို သတင်းထောက်တွေမဟုတ်ဘဲ လက်နက်ကိုင်တွေသဖွယ် ပုံဖော်ဝါဒဖြန့်ထား တယ်လို့လည်း ဆိုပါတယ်။

မိမိတို့လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး(IMJA)အနေဖြင့်ယခုကဲ့သို့သတင်းသမားများအပေါ်သတ်ဖြတ်ခြင်းဖြစ်ရပ်အားပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပြီးသတင်းမီဒီယာသမားများအပေါ်ကျူးလွန်သည့်ပြစ်မှုတစ်ခုအနေဖြင့် မှတ်တမ်းတင်ထားရှိမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းဖြစ်စဉ် အစောပိုင်းကာလ လက်နက်ကိုင်တော်လှန်ရေး အားမကောင်း သေးစဉ်ကပင် သတင်းသမားတွေကို ဖမ်းဆီးရာမှာ လက်နက်နှင့်တကွဖမ်းမိသည်ဟု ဝါဒဖြန့်မှု အကြိမ် ကြိမ်ပြုလုပ်ခဲ့တဲ့အပြင် ဖမ်းဆီးပြီးနောက်တွင်လည်း အကြမ်းဖက်ပုဒ်မအမျိုးမျိုးတပ်ကာ နှစ်ရှည် ထောင်ဒဏ် မျာချမှတ်လေ့ရှိကြောင်း လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) ရဲ့ သုတေသနစာတမ်းပါအချက်အလက်တွေအရ စစ်ဆေးတွေ့ရှိရတာ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယနေ့အချိန်အထိ သတင်းသမား ၇ ယောက်ကို သတ်ဖြတ်ခဲ့ပြီး သတင်းသမား ၁၇၇ ယောက်ကို ဖမ်းဆီးခဲ့သည်။

ယခုကဲ့ သတင်းသမားတွေကို ပစ်မှတ်ထား ဖမ်းဆီး၊ သတ်ဖြတ်၊ ထောင်ချနေတဲ့ စစ်ကောင်စီကို နိုင်ငံ တကာအစိုးရတွေ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ထိထိ ရောက်ရောက် ဖိအားပေးကန့်ကွက်ပြီး အရေးယူမှုတွေ ပြုလုပ်ကြဖို့ IMJA က တိုက်တွန်းတောင်းဆိုထားပါတယ်။

ဆက်စပ် သတင်းများ

Most read