Homeနိုင်ငံတကာသတင်းအိုလံပစ်ပြိုင်ပွဲကနေ အာဖဂန်အမျိုးသမီးတွေ့ရဲ့ အခွင့်အရေးတွေအတွက် တာလီဘန်တွေကို တောင်းဆိုခဲ့တဲ့ အာဖဂန် အိုလံပစ်အပြေးမယ်

အိုလံပစ်ပြိုင်ပွဲကနေ အာဖဂန်အမျိုးသမီးတွေ့ရဲ့ အခွင့်အရေးတွေအတွက် တာလီဘန်တွေကို တောင်းဆိုခဲ့တဲ့ အာဖဂန် အိုလံပစ်အပြေးမယ်

ပါရီ၊ ဩဂုတ် ၅

ပြင်သစ်အိုလံပစ်ပြိုင်ပွဲမှာ မီတာ၁၀၀ အပြေးပြိုင်ပွဲဝင်နေတဲ့ ကီမီယာ ယူဆိုဖီက အာဖဂန်အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး တာလီဘန်အဖွဲကို သတင်းစကားပါးခဲ့တယ်လို့ သိရပါတယ်။

“ပညာရေး၊အားကစား ဆိုတာ အားလုံရဲ့အခွင့်အရေး” လို့ သူ့ရဲ့ ပြိုင်ပွဲဝင် ဝတ်စုံနောက်ကျောမှာ ရေးပြီး တာလီဘန်တွေကို သိစေခဲ့တယ်လို့ ဆိုပါတယ်။

“အကြမ်းဖက်သမားတွေ ရောက်လာတဲ့ နယ်မြေအတွက် ကျွန်မတို့ တိုက်ပွဲဝင်နေတယ်။ ရှင့်ရဲ့အိမ်ထဲကို သူတို့ဝင်လာပြီး ‘အိုကေ၊ ထွက်သွား၊ ဒါ ငါ့အိမ်ပဲ’ လို့ပြောရင် ရှင်တိုရော ဘယ်လိုခံစားရမလဲ။ သူတို့က ငါ့မြေကို သိမ်းပိုက်တယ်” လို့ ပြိုင်ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ “အာဖဂန်နစ္စတန်မှာ ဘယ်သူမှ သူတို့ကို အစိုးရအဖြစ် အသိအမှတ်မပြုပါဘူး” လို့လည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

တာလီဘန်တို့ အုပ်ချုပ်မှုအောက်မှာ အာဖဂန်နစ္စတန်ဟာ ကမ္ဘာပေါ်မှာ အမျိုးသမီးအခွင့်အရေးအတွက် အဖိနှိပ်ဆုံးနိုင်ငံ ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်၂၀၂၁ခုနှစ်မှာ အာဏာရလာပြီးကတည်းက သဘောထားတင်းမာတဲ့ အစ္စလာမ္မစ်အုပ်စုဟာ မိန်းကလေးတွေရဲ့ အလယ်တန်းကျောင်းတွေကို ပိတ်ပစ်ခဲ့ပြီး အမျိုးသမီးတွေ တက္ကသိုလ်တက်တာ၊ NGO တွေမှာ အလုပ်လုပ်တာ စတာတွေကို တားမြစ်ပိတ်ပင်ခဲ့ပါတယ်။ ဒါတင်မက အမျိုးသားများမပါဘဲ ခရီးသွားတာကိုပါ ကန့်သတ်ထားသလို ပန်းခြံနဲ့ အားကစားခန်းမတွေလိုမျိုး အများပြည်သူဆိုင်ရာနေရာတွေ ဝင်ထွက်ခွင့်ကိုပါ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

အသက် ၂၈နှစ်အရွယ် ယူဆိုဖီဟာ အာဖဂန်နစ္စတန်ရဲ့ တစ်ဦးတည်းသော အမျိုးသမီး ခြေစမ်းပွဲပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသူ ဖြစ်ပါတယ်။

Ref: CNN

ဆက်စပ် သတင်းများ

Most read