Homeပြည်တွင်းသတင်း၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူ ခြောက်သန်းကျော်ရှိကြောင်း စစ်ကောင်စီ ရဲ့ဝါဒဖြန့်သတင်းဌာနတွေမှာ ဖော်ပြ

၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူ ခြောက်သန်းကျော်ရှိကြောင်း စစ်ကောင်စီ ရဲ့ဝါဒဖြန့်သတင်းဌာနတွေမှာ ဖော်ပြ

၂ ဇွန်၊ ၂၀၂၄

စစ်ကောင်စီ ဝါဒဖြန့် သတင်းဌာနတွေမှာ ၂၀၂၄-၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူ ၆ သန်းကျော် ရှိပြီး အရင်နှစ်ကထက် တစ်သန်းတိုးလာတယ်လို့ စစ်ကောင်စီက ဒီနေ့ ဇွန်လ ၂ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ တနိုင်ငံလုံး ကျောင်းအပ်နှံသူ ဦးရေ ၆၂၇၆,၆၉၁ ဦး ရှိတယ်လို့ ရေးသားဖော်ပြထားပြီး ဒါဟာ အခြေခံပညာဦးစီးဌာနအောက်က မေလ ၂၃ ရက်က ဇွန်လ ၁ ရက်အထိ ကျောင်းအပ်ထားတဲ့ မူလတန်း အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားအရေအတွက် ဖြစ်ပါတယ်။

ကိုယ်ပိုင်ကျောင်းနဲ့ နိုင်ငံတကာသင်ရိုးအတိုင်း သင်ပေးတဲ့ကျောင်းတွေမှာ တိုးမြင့်လာတဲ့ ကျောင်းလခ ၊ ကျောင်းဝင်ကြေး ၊ ဝတ်စုံဖိုးတွေကြောင့် သာမန် လူလတ်တန်းစားမိဘတွေနဲ့ ဝန်ထမ်းမိဘတွေအတွက် အစိုးရကျောင်းကိုပဲ ရွေးခြယ်အပ်နှံကြပါတယ်။

မနှစ်က ကျောင်းအပ်နှံသူ ၅.၂သန်းကျော် ရှိခဲ့တဲ့အတွက် ဒီနှစ် ကျောင်းအပ်နှံသူ တစ်သန်းကျော် တိုးလာတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်ဒေသတွေမှာတော့ ကျောင်းတက်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။ NUG ရဲ့ Ministry of Education က တရားဝင် အသိအမှတ်ပြုပြီး သက်တမ်းတိုးခွင့်ပေးထားတဲ့ ကျောင်းပေါင်း ၅၅ ကျောင်းရှိပြီး CDM student အများစုက NUG ကျောင်းနဲ့ ကျောင်းပြင်ပ နိုင်ငံတကာစာမေးပွဲတွေကို တွဲပြီး သင်ယူတာမျိုးလဲ ရှိတယ်လို့ သိရပါတယ်။

“ကျွန်တော်ကတော့ အစိုးရကျောင်းပဲ တက် ခိုင်းပြီး Cambridge Exam တွေကို သူ့ level အလိုက် ဖြေခိုင်းဖို့ စဉ်းစားထားပါတယ်။ နိုင်ငံတကာကျောင်းတွေကျ ကျွန်တော်တို့အနေနဲ့ ရေရှည်မတတ်နိုင်ရင် သူတို့အတွက် ပညာရေးက ကန့်လန့်ဖြစ်သွားမှာစိုးရိမ်လို့ပါ” လို့ ဒီနှစ်မှ Grade 1 စအပ်တဲ့ ၇ နှစ်အရွယ်ကျောင်းသားမိဘက New Day Myanmar ကို ပြောပါတယ်။

ကျောင်းသူကျောင်းသားတချို့ဟာ ပညာရေးနဲ့နှစ်ရှည်ဝေးကွာနေပြီး တန်းကျော်ပညာရေးစနစ် ခွင့်ပြုလိုက်တာကြောင့် မိဘတွေက ဒီနှစ်မှာ ကျောင်းပြန်အပ်ကြတာဖြစ်တယ်လို့ သိရပါတယ်။

Related News

Most Read