Homeပြည်တွင်းသတင်းစစ်ကောင်စီရဲ့ သံတွဲအခြေစိုက် တပ်ရင်းတွေထဲက နောက်ဆုံးကျန်တဲ့ ခလရ (၅၅) တပ်ရင်းကို သိမ်းပိုက်ပြီး ဖြစ်ကြောင်း လက်နက်တွေနဲ့တစ်ကွ AA ထုတ်ပြန်

စစ်ကောင်စီရဲ့ သံတွဲအခြေစိုက် တပ်ရင်းတွေထဲက နောက်ဆုံးကျန်တဲ့ ခလရ (၅၅) တပ်ရင်းကို သိမ်းပိုက်ပြီး ဖြစ်ကြောင်း လက်နက်တွေနဲ့တစ်ကွ AA ထုတ်ပြန်

၁၂ ဇူလိုင်၊၂၀၂၄

သံတွဲမြိုနယ်အတွင်းက စစ်ကောင်စီရဲ့ သံတွဲအခြေစိုက်တပ်ရင်းတွေထဲက လက်ကျန်စခန်းတစ်ခုဖြစ်တဲ့ ခလရ (၅၅) တပ်ရင်းကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က သိမ်းဆည်းရမိတဲ့ လက်နက် တွေနဲ့တစ်ကွ ဇူလိုင်လ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ရက္ခိုင့်တပ်တော် AA အနေနဲ့ ခလရ (၅၅) တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၉) ရက်၊ နံနက် (၉) နာရီ (၄၅) မိနစ်အချိန်မှာ အဆိုပါတပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ရန်သူ့ စစ်အသုံး အဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး သံတွဲအခြေစိုက်တပ်ရင်းတစ်ခုဖြစ်တဲ့ ခမရ (၅၆၆) ကို ဇွန်လ (၂၇) ရက်၊ ညနေ (၅) နာရီ (၃၀) မိနစ်မှာ အလုံးစုံသိမ်းပိုက်ပြီးသည့်နောက် ထွက်ပြေးလွတ်မြောက်နေသောရန်သူများ၊ စစ်ကူလာပေး သော ရန်သူများ နဲ့ သံတွဲမြိုထဲမှ လက်ကျန်ရန်သူတွေက သံတွဲမြို နဲ့သံတွဲမြိုအနီး ပတ်ဝန်းကျင်မှ ခုခံစစ် တွေကိုဆင်နွှရန် ပြင်ဆင်နေတာကြောင့် သံတွဲမြိုတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ဖို့ ထိုးစစ်တွေ ဆက်လက်ဆင်နွှဲရအုံးမှာဖြစ်တယ်လို့ ဆိုပါထားပါတယ်။

ဒါ့အပြင် မောင်တောဒေသအတွင်းမှာလည်း စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်တဲ့ နခခ (၅) မြိုသူ ကြီးစခန်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီဘက်မှလည်း မောင်တော မြိုအား မဆုံးရှုးရရေးအတွက် မောင်တောမြိုတွင်းမှနေ၍ ခုခံစစ်စခန်းတွေပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော် AA အနေနဲ့ လက်ရှိမှာ မောင်တောမြို့ကို ဝိုင်းရံပိတ်ဆို ထားပြီး မောင်တောတစ်မြိုလုံးကို သိမ်းပိုက်ရယူနိုင်ရေးအတွက် ထိုးစစ်တွေ ဆက်လက်ပြု လုပ်လျက် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

Most read