Homeပြည်တွင်းသတင်းကျောက်မဲမြို့မှာ စစ်ကောင်စီ သတင်းပေးအပါအဝင် ဥပဒေချိုးဖောက်တဲ့ လူပေါင်း ၁၈၀ ကို TNLA ဖမ်းဆီး

ကျောက်မဲမြို့မှာ စစ်ကောင်စီ သတင်းပေးအပါအဝင် ဥပဒေချိုးဖောက်တဲ့ လူပေါင်း ၁၈၀ ကို TNLA ဖမ်းဆီး

၁၂ ဇူလိုင်၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ စစ်ကောင်စီ သတင်းပေး ၁၆ ဦးအပါအဝင် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၊ နေအိမ်ဖောက်ထွင်းသူ စုစုပေါင်း ၁၆၀ ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ TNLA က ဇူလိုင်လ ၁၁ ရက်က သတင်းထုတ်ပြန်ပါတယ်။

တရားမဝင်လက်နက်ကိုင်ဆောင်သူနဲ့ မူးယစ်ရမ်းကားသူတွေလဲ အခုဖမ်းဆီးထားတဲ့အထဲ ပါဝင်တယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးစွဲနေသူ အမျိုးသား ၁၄၆ ဦးနဲ့ အမျိုးသမီး ၁၁ ဦး ၊ ရောင်းဝယ်သုံးစွဲသူက သုံးဦး စုစုပေါင်း ၁၅၉ ဦး ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

ဖမ်းဆီးထားသူတွေဟာ အရင်က မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျထားသူတွေ ဖြစ်ပြီး အာဏာသိမ်းပြီး နောက် ပိုင်းမှာ သတင်းပေးဖို့ စစ်ကောင်စီက ပြန်လွှတ်ခဲ့တာ ဖြစ်ပါတယ်။ TNLA ဟာ ကျောက်မဲမြို့အနီးထိ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောာင်နေတာကြောင့် ဒေသတွင်းက မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူတွေဟာ ကျောက်မဲမြို့ကို လာရောက်တိမ်းရှောင်ရာက အခုအခါ TNLA က မြို့ကို သိမ်းပိုက်နိုင်ချိန်မှာ ပြန်လည် ထိန်းသိမ်း ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေချိန် စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး ခိုးယူသူ နှစ်ဦး၊ စစ် ကောင်စီ အမှတ်အသားပါ လက်နက်ငယ် ကိုင်ဆောင်ထားသူတစ်ဦး ၊ မြို့အတွင်းမှာ မူးယစ်ရမ်းကားသူ နှစ်ဦးတို့ကိုလည်း ဖမ်းမိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း TNLA နှင့် ပူးပေါင်းတပ်တို့ရဲ့ သွားလာလှုပ်ရှားမှုတွေကို စစ်ကောင်စီတပ်ကို သတင်းပေးသူ (၁၆)ဦးကို ဖမ်းဆီးထားပြီး တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ လိုအပ်တဲ့ စစ်ဆေးမှု၊ အရေးယူမှု လုပ်သွားမယ် လို့ ဆိုပါတယ်။

TNLAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ နောင်ချိုမြို့ကို အပြီးသတ် ထိန်းချုပ် ထားနိုင်ပြီး ကျောက်မဲနဲ့ မိုးကုတ်အနောက်ခြမ်းနေရာတွေကိုလည်း သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

Most read