Homeပြည်တွင်းသတင်းရွှေပြည်သာနှင့် အင်းစိန် အလညရုံးတွေမှာ အဂတိတရားကြောင့် အလုပ်သမားတွေ နစ်နာနေရဟု ဆို

ရွှေပြည်သာနှင့် အင်းစိန် အလညရုံးတွေမှာ အဂတိတရားကြောင့် အလုပ်သမားတွေ နစ်နာနေရဟု ဆို

၂၈ မေ ၂၀၂၆ | New Day Myanmar

ရန်ကုန်စက်မှုဇုန်နယ်မြေတွေဖြစ်တဲ့ ရွှေပြည်သာနဲ့ အင်းစိန်မြို့နယ်က အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (အလည) ရုံးတွေမှာ အရာရှိတွေဟာ အလုပ်ရှင်တွေဆီကနေ အကျိုးအမြတ်ယူပြီး အလုပ်သမားတွေရဲ့ တိုင်ကြားစာတွေကို လျစ်လျူရှုထားတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်-မြန်မာ (STUM) က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အလုပ်သမားတွေ တိုင်ကြားတဲ့အခါ ရက်ချိန်းတွေကို အဝေးကြီးပေးထားတာကြောင့် အလုပ်သမားတွေ စိတ်ပျက်ပြီး လက်လျှော့သွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့ STUM က ဆိုပါတယ်။

“ဘယ်လိုအမှုမျိုးပဲဖြစ်ဖြစ် နေပြည်တော်ကို တင်ပြရမယ်” ဆိုတဲ့ စကားကိုပဲ ထပ်တလဲလဲ သုံးပြီး အမှုတွေ ကြန့်ကြာအောင် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

အလုပ်သမားတွေရဲ့ တိုင်ကြားချက်တွေကို ဥပဒေအတိုင်း မဖြေရှင်းဘဲ အလုပ်ရှင်တွေဘက်ကနေ ရပ်တည်ပေးနေတယ်လို့ ဆိုထားပြီး၊ လက်ရှိမှာ အဆိုးရွားဆုံး ကြန့်ကြာနေတဲ့ စက်ရုံတိုင်ကြားစာတွေကတော့ Bontech စက်ရုံ၊ နေရွှေဝင်းစက်ရုံနဲ့ COSTEC စက်ရုံတို့ ဖြစ်တယ်လို့ သိရပါတယ်။

“ဒီလုပ်ရပ်ဟာ အင်မတန် သိက္ခာမဲ့တဲ့ လုပ်ရပ်ပါ။ အဂတိလိုက်စားနေတဲ့ ဒီအကျင့်ဆိုးတွေကို ရက် ၁၀၀ အတွင်း အရေးတကြီး ပြုပြင်ရပါမယ်။ ကျွန်တော်တို့ဘက်ကလည်း ဘယ်လောက်အထိ အချိန်ဆွဲခံထားရလဲဆိုတဲ့ အချက်အလက်တွေကို နိုင်ငံတကာ Brand တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ သိအောင် ထုတ်ပြန်သွားမှာပါ” လို့ STUM တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ – STUM

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး