Homeပြည်တွင်းသတင်းမေလကုန်အထိ ရန်ကုန်တိုင်းအပါ ဧရာဝတီနှင့် ပဲခူးတိုင်းတို့တွင် မိုးဆက်တိုက်ရွာသွန်းမည်ဟု ခန့်မှန်း

မေလကုန်အထိ ရန်ကုန်တိုင်းအပါ ဧရာဝတီနှင့် ပဲခူးတိုင်းတို့တွင် မိုးဆက်တိုက်ရွာသွန်းမည်ဟု ခန့်မှန်း

၂၃ မေ ၂၀၂၆ | New Day Myanmar

အခု မေလကုန်အထိ မြန်မာနိုင်ငံအောက်ပိုင်းမှာရှိတဲ့ တိုင်းဒေသကြီးအချို့မှာ မိုးဆက်တိုက် ရွာသွန်းနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာစိုင်းခွန်အာကာက ခန့်မှန်းထားပါတယ်။

မိုးလေဝသနှင့် လေထုသိပ္ပံပညာရှင် ဒေါက်တာစိုင်းခွန်အာကာရဲ့ ထုတ်ပြန်ချက်အရ မေလကုန်အထိ ဧရာဝတီတိုင်းရှိ မြို့နယ်အားလုံး၊ ရန်ကုန်တိုင်းရှိ မြို့နယ်အားလုံးနဲ့ ပဲခူးတိုင်း အရှေ့ခြမ်း၊ အနောက်ခြမ်းဒေသအားလုံးမှာ မိုးရွာသွန်းနိုင်တယ်လို့ ဆိုထားပါတယ်။

လက်ရှိ မိုးမရွာသေးတဲ့ ဒေသတွေမှာလည်း လာမယ့်ရက်ပိုင်းအတွင်း မိုးရွာသွန်းလာနိုင်ပေမယ့် မိုးရေချိန် အလွန်အမင်းများပြားနိုင်တဲ့ အခြေအနေမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

မိုးရေချိန် ပိုမိုများပြားလာနိုင်တဲ့ အခြေအနေ ပြောင်းလဲလာပါကလည်း အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်ပေးသွားမယ်လို့ အသိပေးထားပါတယ်။

အခု ခန့်မှန်းချက်ဟာ ကမ္ဘာ့မိုးလေဝသစံနှုန်းတွေဖြစ်တဲ့ GFS, GEM, JMA, ICON, UKMO, ECMWF နဲ့ USAI စတဲ့ data source တွေအပေါ် အခြေခံတွက်ချက်ထားတာဖြစ်တယ်လို့ ဆိုထားပြီး မြေပြန့်ဒေသနဲ့ တောင်ပေါ်ဒေသ မခွဲခြားဘဲ မိုးလေဝသအခြေအနေတွေကို အနီးကပ် စောင့်ကြည့်တင်ပြပေးသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ဒေသတွင်း နေထိုင်သူတွေအနေနဲ့ မိမိတို့ဒေသအလိုက် အသေးစိတ်ခန့်မှန်းချက်တွေကို သိရှိလိုပါက တိုက်ရိုက်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။

လတ်တလော ရန်ကုန်မြို့မှာတော့ မေလ တတိယပတ်ကစပြီး ယနေ့ မေ ၂၃ ရက်နေ့အထိ မိုးရွာသွန်းမှုတွေ ဆက်တိုက်ရှိနေပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး