Homeပြည်တွင်းသတင်းသရုပ်ဆောင် နေအောင် သေဆုံးတယ်ဆိုတဲ့သတင်း သတင်းမှားဖြစ်ကြောင်း ဦးကျောက်တောင် တုံ့ပြန်

သရုပ်ဆောင် နေအောင် သေဆုံးတယ်ဆိုတဲ့သတင်း သတင်းမှားဖြစ်ကြောင်း ဦးကျောက်တောင် တုံ့ပြန်

၁၃ မေ ၂၀၂၆ | New Day Myanmar

စစ်တပ်ထောက်ခံသူ ရုပ်ရှင်သရုပ်ဆောင် နေအောင် သေဆုံးသွားပြီဆိုတဲ့ သတင်းတွေဟာ ဒီကနေ့ မေ ၁၃ ရက် နံနက်ပိုင်းကစပြီး လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပါတယ်။

အဲဒီသတင်းတွေနဲ့ ပတ်သက်ပြီး စစ်တပ်ထောက်ခံသူ ခရိုနီတစ်ဦးဖြစ်တဲ့ ဦးကျောက်တောင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ဒီကနေ့ မေ ၁၃ ရက်မှာ ပြန်လည်တုံ့ပြန်လာခဲ့တာ ဖြစ်ပါတယ်။

ဦးကျောက်တောင်ရဲ့ ရေးသားချက်အရ သူဟာ သရုပ်ဆောင် နေအောင်ရဲ့ နေအိမ်ကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ရာမှာ နေအောင်ဟာ သေဆုံးခြင်းမရှိဘဲ ကျန်းမာစွာနဲ့ အလုပ်တွေလုပ်ကိုင်နေတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ဦးကျောက်တောင်က သူ့ရဲ့ ပို့စ်ထဲမှာ “ဒီမိုကရေစီကို တန်ဖိုးထားရင် အယူအဆကွဲလွဲမှုကို လက်ခံနိုင်ရမယ်” ဆိုပြီး တော်လှန်ရေးထောက်ခံသူတွေကို ပုတ်ခတ်ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

သရုပ်ဆောင် နေအောင်ဟာ စစ်သားသားသမီးဖြစ်တဲ့အတွက် “ယူနီဖောင်းမြင်ရင် ချစ်တယ်” လို့ လူသိရှင်ကြား ပြောဆိုထားသူဖြစ်သလို PDF တွေကို နှိမ်နင်းဖို့ လှုံ့ဆော်ပြောဆိုခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ စစ်တပ်အမာခံ ကြံ့ခိုင်ရေးပါတီအတွက်လည်း တက်တက်ကြွကြွ မဲဆွယ်စည်းရုံးပေးခဲ့သူဖြစ်ပြီး “စစ်တပ်ဟာ သူ့ရဲ့ ကျေးဇူးရှင်ဖြစ်တယ်” လို့ ဒလမြို့ မဲဆွယ်ပွဲတစ်ခုမှာ ပြောဆိုခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ သရုပ်ဆောင် နေအောင် သေဆုံးတယ်ဆိုတဲ့ ကောလာဟလတွေဟာ လူမှုကွန်ရက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေခဲ့တာဖြစ်ပြီး အခုလို ဦးကျောက်တောင်က သတင်းမှားဖြစ်ကြောင်း ထွက်ဆိုလာတာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး