Homeပြည်တွင်းသတင်း“Walk For Peace” ငြိမ်းချမ်းရေးခရီးရှည်တွင် ပါဝင်ခဲ့သည့် မြန်မာဆရာတော်နှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း တွေ့ဆုံ

“Walk For Peace” ငြိမ်းချမ်းရေးခရီးရှည်တွင် ပါဝင်ခဲ့သည့် မြန်မာဆရာတော်နှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်း တွေ့ဆုံ

၁၃ မေ ၂၀၂၆ | New Day Myanmar

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်ခဲ့ကြတဲ့ “Walk For Peace” အဖွဲ့မှာ ပါဝင်ခဲ့တဲ့ မြန်မာဆရာတော်အပါ ဆရာတော်တွေဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ မေလ ၁၂ ရက်နေ့က နယူးယောက်မြို့ရှိ မြန်မာသံရုံးမှာ တွေ့ဆုံခဲ့ကြပါတယ်။

ဆရာတော်တွေဟာ ကုလသမဂ္ဂဌာနချုပ် (UN Headquarters) မှာ ကျင်းပပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ကဆုန်လပြည့်နေ့ (International Day of Vesak) အခမ်းအနားကို တက်ရောက်ဖို့ ရောက်ရှိလာကြတာဖြစ်ပြီး မြန်မာသံရုံးကိုလည်း ကြွရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

သံအမတ်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့ ဆရာတော်တွေထဲမှာ “Walk For Peace” ခရီးစဉ်မှာ ပါဝင်ခဲ့တဲ့ ဆရာတော်အပါအဝင် အခြားဆရာတော် နှစ်ပါးလည်း ပါဝင်ခဲ့ပါတယ်။

တွေ့ဆုံခဲ့တဲ့ ဆရာတော်တွေမှာ အရှင်သီလနန္ဒာ (တက္ကဆပ်ပြည်နယ်)၊ မြေဇင်းတောရဆရာတော် ဦးပရမနဲ့ ဦးကုမုဒ (ဗာဂျီးနီးယားပြည်နယ်) တို့ဖြစ်တယ်လို့ သိရပါတယ်။

ဆရာတော်တွေက “Walk For Peace” ခရီးစဉ်တစ်လျှောက် ငြိမ်းချမ်းရေးရည်မှန်းချက်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့တဲ့အခြေအနေတွေ၊ အဲဒီခရီးစဉ်ဟာ မြန်မာပြည်သူတွေအတွက် စိတ်ခွန်အားဖြစ်စေခဲ့တဲ့အချက်တွေနဲ့ ကမ္ဘာ့ပြည်သူတွေကို ငြိမ်းချမ်းရေးအတွက် လက်တွေ့ကျကျ လျှောက်လှမ်းပြနိုင်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြောကြားခဲ့ကြပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ မြန်မာအဖွဲ့ရုံးဝန်ထမ်းတွေက ဆရာတော်တွေကို နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ ဆရာတော်တွေကလည်း မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ငြိမ်းချမ်းသာယာကြဖို့ ဆုတောင်းမေတ္တာပို့ကာ ရေစက်ချ အမျှဝေခဲ့ကြတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး