Homeပြည်တွင်းသတင်းသမ္မတဦးဝင်းမြင့် မိသားစုထံ ပြန်ရောက်လာမှုကို ကြိုဆိုကြောင်း SCEF သဝဏ်လွှာ ထုတ်ပြန်

သမ္မတဦးဝင်းမြင့် မိသားစုထံ ပြန်ရောက်လာမှုကို ကြိုဆိုကြောင်း SCEF သဝဏ်လွှာ ထုတ်ပြန်

၂၂ ဧပြီ ၂၀၂၆ | New Day Myanmar

နိုင်ငံတော်သမ္မတဦးဝင်းမြင့် မိသားစုထံ ပြန်လည်ရောက်ရှိလာမှုအပေါ် ဝမ်းမြောက်ကြောင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) က ဧပြီ ၂၂ ရက်နေ့ ရက်စွဲနဲ့ သဝဏ်လွှာ ထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်မှာ သမ္မတဦးဝင်းမြင့်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး (၅) နှစ်ကျော်အကြာ ၂၀၂၆ ခုနှစ် ဧပြီ ၁၇ ရက်နေ့မှာ မိသားစုထံ ပြန်လည်ရောက်ရှိလာခဲ့တာကို မိသားစုနဲ့အတူ ပြည်သူလူထုတစ်ရပ်လုံးနဲ့ ထပ်တူ ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် သမ္မတဦးဝင်းမြင့်အနေနဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ဓာတ်ခိုင်မာမှုတွေနဲ့အတူ နိုင်ငံအကျိုး၊ ပြည်သူအကျိုးကို ဆက်လက်ထမ်းဆောင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းထားပါတယ်။

SCEF က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရဆဲ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ပြည်သူလူထုနဲ့အတူ ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး