Homeပြည်တွင်းသတင်းသတင်းထောက်ဟောင်း ကိုသူရမင်းဇော် ပျောက်ဆုံးနေ

သတင်းထောက်ဟောင်း ကိုသူရမင်းဇော် ပျောက်ဆုံးနေ

၂၀ ဧပြီ ၂၀၂၆ | New Day Myanmar

သတင်းထောက်ဟောင်း ကိုသူရမင်းဇော် (ခ) ဇော်လွတ်ဟာ သင်္ကြန်မတိုင်ခင် ဧပြီ ၁၂ ရက်နေ့ကတည်းက ပျောက်ဆုံးနေပြီး ဒီနေ့ ဧပြီ ၂၀ ရက်အထိ မိသားစုနဲ့ အဆက်အသွယ်မရရှိသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။

သူ့ကို ရန်ကုန်၊ လှိုင်မြို့နယ် ချောင်းဝမှတ်တိုင်အနီးမှာ ပျောက်ဆုံးတဲ့နေ့ ည ၉ နာရီခန့်မှာ နောက်ဆုံးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ ပိတောက်ချောင်းရဲစခန်းမှာ လူပျောက်တိုင်ကြားထားပြီး သူနဲ့ အဆက်အသွယ်ရှိသူတွေ အနေနဲ့ မိသားစုထံ သတင်းအချက်အလက်ရှိပါက ဆက်သွယ်ပေးဖို့ သူ့ညီမဖြစ်သူက အသိပေးထားပါတယ်။

ကိုသူရမင်းဇော် (ခ) ဇော်လွတ်ဟာ စစ်တပ် အာဏာမသိမ်းမီအထိ စောင့်ကြည့်ဂျာနယ်နဲ့ မြန်မာတိုင်းမ် သတင်းစာတို့မှာ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာ ကွမ်းယာဆိုင်ဖွင့်ကာ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသူတစ်ဦးဖြစ်ပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး