၂ ဧပြီ ၂၀၂၆ | New Day Myanmar
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှာ အရေးပါတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းကို စစ်ကော်မရှင်က ဧပြီ ၂ ရက် မနက်ပိုင်းက ပြန်ဖွင့်လိုက်ပြီဖြစ်တယ်လို့ ယာဉ်မောင်းတွေ ထံက သိရပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ ကုန်ကားတွေနဲ့ ယာဉ်ကြီးတွေကို ဖြတ်သန်းခွင့်မပေးသေးဘဲ ယာဉ်ငယ်၊ ခရီးသည်တင် ယာဉ်ငယ်တွေကို သာဖြတ်သန်းခွင့်ပြုနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ယာဉ်မောင်းတဦးက “ကုန်တင်ကားနဲ့ တွဲကားတွေတော့ ပေးမဖြတ်ဘူး။ ကျုံဒိုး မြ၀တီလမ်းတလျောက်တော့ ဂိတ်တွေရှိတယ်။ စစ်တယ်။ မှတ်ပုံတင်ပြရတာတွေရှိတယ်။”လို့ New Day Myanmar ကိုပြောပါတယ်။
အာရှလမ်းမကြီးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ လောက်ကတည်က တိုက်ပွဲတွေကြောင့် စတင်ပိတ်ထားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အာရှလမ်းမကြီးတလျောက်မှာ တိုက်ပွဲတွေမဖြစ်ပေမယ့် လုံခြုံရေး အန္တရာယ်ကတော့ စိုးရိမ်နေရဆဲဖြစ်တယ်လို့ ယာဉ်မောင်းတွေကပြောပါတယ်။


