Homeပြည်တွင်းသတင်းအင်းတကော်မှာ ဆီတန်းစီရင်း စကားများရာ ယာဉ်နောက်လိုက်သတ်လို့ ယာဉ်မောင်းသေဆုံး

အင်းတကော်မှာ ဆီတန်းစီရင်း စကားများရာ ယာဉ်နောက်လိုက်သတ်လို့ ယာဉ်မောင်းသေဆုံး

၁ ဧပြီ ၂၀၂၆ | New Day Myanmar

ပဲခူးတိုင်း၊ အင်းတကော်မြို့မှာ ဆီတန်းစီနေစဉ် စကားများရာကနေ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ၂၂ ဘီးယာဉ်မောင်းတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖြစ်စဉ်ဟာ မတ်လ ၃၁ ရက် မနက်ပိုင်းမှာ ရန်ကုန်-ပဲခူးကားလမ်းဘေးရှိ ဆီဆိုင်အနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဆီထည့်ဖို့ စောင့်ဆိုင်းနေစဉ် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်အကြား စကားများမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ရဲစခန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေ ပြောကြားချက်အရ ယာဉ်နောက်လိုက်ဟာ စကားများမှုကြောင့် အငြိုးထားပြီး ယာဉ်မောင်း အိပ်နေချိန်မှာ ကားခေါင်းခန်းအတွင်း ဝင်ရောက်ကာ တူနဲ့ ဦးခေါင်းကို ထုရိုက်ပြီး ကတ်ကြေးနဲ့ လည်ပင်းကို ထိုးသတ်ခဲ့တာဖြစ်ပါတယ်။

သေဆုံးသူမှာ ယာဉ်မောင်း ကိုမိုးမြင့်ဦးဖြစ်ပြီး ဦးခေါင်းနဲ့ လည်ပင်းတို့မှာ ပြင်းထန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပြစ်မှုကျူးလွန်သူ ယာဉ်နောက်လိုက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး အင်းတကော်မြို့မရဲစခန်းမှာ လူသတ်မှုဖြင့် အမှုဖွင့်စစ်ဆေးနေပါတယ်။

#NewDayMyanmar#Myanmar#Bago#Inntakaw#Crime#FuelCrisis#မြန်မာသတင်း#ပဲခူးတိုင်း#အင်းတကော်#လူသတ်မှု#ဆီပြတ်လပ်မှု

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး