Homeပြည်တွင်းသတင်းဇနီးကို ခေါင်းဖြတ်သတ်ခဲ့သည့် အမျိုးသားကို မှော်ဘီတရားရုံးက သေဒဏ်ချ

ဇနီးကို ခေါင်းဖြတ်သတ်ခဲ့သည့် အမျိုးသားကို မှော်ဘီတရားရုံးက သေဒဏ်ချ

၄ မတ် ၂၀၂၆၊ New Day Myanmar

ဇနီးဖြစ်သူကို ခေါင်းဖြတ်သတ်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ဒီကနေ့ မတ်လ ၄ ရက်မှာ မှော်ဘီတရားရုံးက သေဒဏ်ချမှတ်လိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းက ပြောပါတယ်။

အဆိုပါ အမျိုးသားကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂(၁) နဲ့ အရေးယူစစ်ဆေးပြီး အမှုဖြစ်ပွားပြီး တစ်လကျော်အကြာမှာ သေဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ဟာ ဇန်နဝါရီ ၂၄ ရက်နေ့မှာ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ပေတရာမြောက်ပိုင်းရပ်ကွက်မှာ ဖြစ်ပွားခဲ့တာပါ။

မြို့ခံတွေကတော့ အဲဒီနေ့မှာ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးဟာ အမျိုးသမီးတစ်ဦးရဲ့ ခေါင်းပြတ်ကို ကိုင်ပြီး လမ်းပေါ်မှာ လျှောက်သွားနေတဲ့ အခြေအနေကို တွေ့ခဲ့ကြတယ်လို့ ပြောပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်တွေအရ အဆိုပါ အမျိုးသားဟာ ဇနီးဖြစ်သူနဲ့ နေအိမ်မှာ စကားများရန်ဖြစ်ရာကနေ ဇနီးကို သတ်ပြီး ခေါင်းဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် အမျိုးသားဟာ ခေါင်းပြတ်ကို ကိုင်ဆောင်ထားပြီး ကားတစ်စီးကို ဓားနဲ့ ခြိမ်းခြောက်ကာ ထွက်ပြေးသွားခဲ့ပြီး မှော်ဘီတိုးဂိတ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အဆိုပါအမှုကို မှော်ဘီတရားရုံးမှာ စစ်ဆေးပြီးနောက် ဒီကနေ့ မတ်လ ၄ ရက်မှာ သေဒဏ်ချမှတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး