၁၇ ဖေဖော်ဝါရီ ၂၀၂၆
ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် မဟာမြိုင်အိမ်ရာထိပ် ခိုင်ရွှေဝါလမ်းထိပ် အုတ်ခုံမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေ ၆ နာရီခွဲလောက်က ယောကျ်ားလေး ၂ ဦး ထိုင်နေစဉ် ရဲလှည့်ကား ၁ စီး ရောက်လာပြီး ကားပေါ်ကို ဆွဲတင်ဖမ်းခေါ်သွားတယ်လို့ Rangoon Scout Network ရဲ့အဆိုအရသိရပါတယ်။
မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောကြားချက်အရ ဘီယာထိုင်သောက်နေတာကို အကြောင်းပြပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ ယောကျ်ားလေးတွေဟာ အသက် ၂၀ နှစ်ဝန်းကျင်ရှိသူတွေဖြစ်ပြီး မိသားစုရှိကြသလို ဘေးတွဲမောင်းနှင်သူတွေဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံရသူတွေကို ဘယ်ရဲစခန်းကို ခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးဘဲ မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။


