Homeပြည်တွင်းသတင်းကချင်ပြည်နယ်တွင်း ရေကြီး မြေပြိုမှုကြောင့် လမ်းပန်း ဆက်သွယ်ရေးတွေ ပြတ်တောက်

ကချင်ပြည်နယ်တွင်း ရေကြီး မြေပြိုမှုကြောင့် လမ်းပန်း ဆက်သွယ်ရေးတွေ ပြတ်တောက်

၁ ဇူလိုင်၊၂၀၂၄

ကချင်ပြည်နယ်အတွင်းက မြို့နယ်တွေမှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်မလာပြီး နေရာအချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာကြောင့် မြစ်ကြီးနား-ဝိုင်းမော် လမ်းပိုင်း ဇွန်လ (၃၀)ရက် မနေ့ကတည်းက လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ဇူလိုင်လ (၁)ရက်နေ့ မနက်စောစောပိုင်းအတွင်းမှ စိုးရိမ်ရေမှတ် အထက် ရောက်နေကာ မြစ်ကြီးနား၊ ဝိုင်းမော်နဲ့ ချီဖွေမြို့တွေမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“ မြစ်ကြီးနား-ပူတာအို လမ်းက မနေ့ကတည်း ကားကြီးတွေသွားမရတော့ဘူး လမ်းက မြေတွေပြိုနေတော့ ဘယ်လိုမှသွားမရတော့တာ ကားသေးလေးတွေတော့ တစ်ချို့ အရဲစွန့်ပြီးသွားနေကြတယ် ဘယ်အချိန် ဘာ ဖြစ်မလည်းတော့မသိဘူးလို့ “ ကုန်တင်ယာဉ်မောင်းတစ်ဦးက New Day Myanmar ကိုပြောပါတယ်။

ဇွန်လ ၂၉ ရက်နေ့ကတည်းက မြစ်ကြီးနားမြို့အထက်ပိုင်းမြို့တွေဖြစ်တဲ့ ပူတာအို၊ မချမ်းဘော့ ဒေသတွေမှာ မိုးသည်းထန်စွာရွာခဲ့တာကြောင့် မြစ်ရေ၊ ချောင်းရေလျှံခြင်း၊ တောင်ပြိုခြင်းနဲ့ ရေကြီး နစ်မြုပ်တာ တွေဖြစ် ပွား နေတာဖြစ်တယ်လို့သိရပါတယ်။

“ ဒီမနက်အခြေအနေက တော်တော်ဆိုးလာတယ် တစ်ချို့ အိမ်တွေမှာ ပိတ်မိနေသူတွေလည်းရှိတယ် အနိမ့်ပိုင်းရပ်ကွက်တွေက အိမ်တွေပေါ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေလည်း နိုင်သလောက် လုပ်ပေး နေကြတာရှိတယ် “လို့ မြစ်ကြီးနားမြို့နေ ဒေသခံတစ်ဦးက New Day Myanmar ကို ပြောပါတယ်။

ယခုလိုရေကြီးလာမှုကြောင့် မြစ်ကြီးနားဒေသအတွင်းရှိ လူနေအိမ်တွေသာမက စစ်ဘေးရှောင်စခန်း တစ်ချို့လည်း ပြောင်းရွေ့နေရတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

Most read