Homeနိုင်ငံတကာသတင်းမိဖုရားကြီးသီရိခေတ် နတ်ရွာစံ အထိမ်းအမှတ် ရက်ပေါင်း ၉၀ အနက်ရောင် အဝတ်အစား ဝတ်ဆင်ကြရန် ထိုင်းအစိုးရ မေတ္တာရပ်ခံ

မိဖုရားကြီးသီရိခေတ် နတ်ရွာစံ အထိမ်းအမှတ် ရက်ပေါင်း ၉၀ အနက်ရောင် အဝတ်အစား ဝတ်ဆင်ကြရန် ထိုင်းအစိုးရ မေတ္တာရပ်ခံ

၂၅ အောက်တိုဘာ ၂၀၂၅

ထိုင်းဘုရင့်မယ်တော် မိဖုရားကြီးသီရိခေတ် နတ်ရွာစံအထိမ်းအမှတ်အနေနဲ့ရက်ပေါင်း၉၀ အနက်ရောင် အဝတ်အစားသာ ဝတ်ဆင်ကြရန် ထိုင်းအစိုးရက မေတ္တာရပ်ခံထားပါတယ်။

ထိုင်းပြည်သူတွေအနေနဲ့ ဒီကနေ့ အောက် တိုဘာ ၂၅ရက်နေစလို့ အနက်ရောင်ဖြစ်စေ အရောင်ဖျော့သော အဝတ်အစားတွေကိုဖြစ်စေ ဝတ်ဆင်ပေးကြရန် မေတ္တာရပ်ထားတာဘဲဖြစ်ပါတယ်။

ဒါအပြင် ထိုင်းနိုင်ငံရဲ့ လုပ်ငန်းသုံး လူမှုကွန်ရက်စာမျက်နှာတွေနဲ့ နိုင်ငံသားတွေရဲ့ လူမှုကွန်ရက်တွေမှာ အနက်ရောင် လိုဂိုတွေ ပြောင်းလဲပြီး ဝမ်းနည်းကြောင်းအထိမ်းအမှတ်တွေ ရေးသားထားကြတာကိုလည်းတွေ့မြင်ရပါတယ်။

ထိုင်းအစိုးရဝန်ထမ်းနဲ့ အစိုးရအရာရှိတွေကတော့ တစ်နှစ်တာလုံး ဝမ်းနည်းခြင်းအထိမ်းအမှတ်ဝတ်စုံဝတ်ဆင်ဖို့လည်း ထိုင်းဝန်ကြီးချုပ်က မေတ္တာရပ်ခံထားသလို နိုင်ငံတော်အလံကို ရက်၃၀ တိုင်တဝက်လွှင့်ထူဖို့လည်း ထိုင်းအစိုးရပိုင်ရုပ်သံ NBT က ထုတ်ပြန်ထားပါတယ်။

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး