ချင်းပြည်နယ် ဟားခါးမြို့ရဲစခန်းကို ချင်းအမျိုးသားတပ်ဦး (CNA/CNF) ဦးဆောင်တဲ့ ချင်းတော်လှန်ရေးတပ်တွေက စီးနင်းပြီး အကျဉ်းသား ၁၅ ဦးကို ကယ် ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီ စီးနင်း တိုက်ခိုက်မှုကို ဒီကနေ့ အောက်တိုဘာ ၁၆ ရက် မနက်အစောပိုင်း ၃နာရီမှာ ဝင်ရောက်စီးနင်းခဖြ့တာဖြစ်ပြီး ကယ်ထုတ်ခဲ့တဲ့ အကျဉ်းသားတွေကိုတော့ လုံခြုံတဲ့နေရာပို့ဆောင်ထားတယ်လို့ ဆလိုင်းထက်နီကပြောပါတယ်။
စီးနင်းတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်က ငါးဦး သေဆုံးခဲ့သလို ဒဏ်ရာရသူ အများအပြားရှိခဲ့ပြီးတော့ ဟားခါးမြို့ပေါ်ကနေ ၆၀ မမ တွေနဲ့ တော်လှန်ရေးအင်အားစုတွေခိုအောင်းမယ်ထင်တဲ့နေရာတွေကို ပစ်ခတ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ် ဇူလိုင် ၂၀ ရက်နေ့အတွင်းမှာလည်း ဟားခါးမြို့ အကျဉ်းစခန်းတခုကို ချင်းတော်လှန်ရေးအင် အားစုတွေက စီးနင်းတိုက်ခိုက်ခဲ့ပြီးအကျဉ်းသားနဲ့ အချုပ်သား ၆၂ ဦးကို ကယ်ထုတ်ထားပါသေးတယ်။
ချင်းပြည်နယ်အတွင်းမှာတော့ စစ်တပ်
စိုးမိုးထိန်းချုပ်ထားဆဲဖြစ်တဲ့ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ ခိုင်ကမ်း မြို့လေးမြို့သာ ကျန်ရှိပြီးတော့ ကျန်မြို့နယ်တွေကိုတော့ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားတာဖြစ်ပါတယ်။
ပုံစာ-၂၀၂၄ ခုနှစ်က ဟားခါးမြို့ရဲစခန်းကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့စဉ်။


