၂၉ စက်တင်ဘာ ၂၀၂၅
အမေရိကန်နိုင်ငံထဲအထိ ပစ်ခတ်နိုင်မယ့် မြောက်ကိုရီးယားရဲ့ နျူထိပ်ဖူးတပ် ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်ရေး နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ်တယ်လို့ တောင်ကိုရီးယားက ပြောကြားလိုက်ပါတယ်။
နယူးယောက်မှာ ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်နေတဲ့ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က တောင်ကိုရီးယားထောက်လှမ်းရေး သတင်းတွေကို ကိုးကားပြီး ခုလိုပြောလိုက်တာပါ။
ဒါပေမယ့် အဲ့ဒီ ဒုံးကျည်စနစ်မှာ ကမ္ဘာ့လေထုထဲ ဝင်ရောက်တဲ့ နည်းပညာ ကျွမ်းကျင်ပိုင်နိုင် မှု မရှိသေးဘူးလို့ လည်း တောင်ကိုရီးယား ထောက်လှမ်းရေး သတင်းတွေက ဆိုပါတယ်။


