စစ်ကော်မရှင်ရဲံဗိုလ်ချုပ်ကြီး အဆင့်ရှိသူတချို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ဝင်ရောက်လာပြီး ရွေး ကောက်ပွဲဝင်ပြိုင်သွားမှာဖြစ်တယ်လို့ အဲဒီပါတီနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းထံကနေ သိရပါတယ်။
ပါတီဝင်အဖြစ်ဝင်ရောက်လာတဲ့သူတွေဟာ စစ်ကော်မရှင်ရဲ့အမှတ် ၃ စစ်ဆင် ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး တေဇကျော် (DSA –28)၊ အမှတ် ၆ စစ်ဆင် ရေး အထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး သက်ပုံ (DSA – 29)၊ စစ်ရေးချုပ် ဒုဗိုလ်ချုပ် ကြီး ဖုန်းမြတ် (OTS 73)၊ စစ်ရာထူးခန့်ချုပ် ဒုဗိုလ်ချုပ်ကြီး လင်းအောင် (DSA 26)၊ တပ်မတော် စစ်ဆေးရေးနှင့် စာရင်း စစ်ချုပ် (ကြည်း/ရေ/လေ) ဒု ဗိုလ်ချုပ်ကြီး စိုးတင့်နိုင် (OTS 75)၊ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ဒုဗိုလ် ချုပ်ကြီး ကံမြင့်သန်း (OTS 66)တို့ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် စစ်ကော်မရှင်ရဲ့ ကာ/လုံရာထူးယူထားတဒ့ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးလည်း ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီက ရွေးကောက်ပွဲဝင်ပြိုင်မယ်လို့ သိထားရပြီးNew Day Myanmar အနေနဲ့ သီးခြားအတည်ပြုနေဆဲဖြစ်ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဟာ စစ်ကော်မရှင်ရဲ့အငြိမ်းစားဗိုလ်ချုပ်ကြီးတွေအပါ စစ်ဘက်အုပ်စုနဲ့ ဆက်နွယ်သူတွေနဲ့ဖွဲ့စည်းထားတဲ့ ပါတီတစ်ခုလည်းဖြစ်ပါတယ်။


