ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ဘေလီတံတားပေါ်ကနေ ငမိုးရိပ်ချောင်းထဲ ကြိုးနဲ့ ချည်ပြီးခုန်ချသွားတဲ့ သမီးရည်စား စုံတွဲရဲ့ ရုပ်အလောင်းကို တွေ့ရှိိခဲ့တယ်လို့ သိရပါတယ်။
စက်တဘာလ၁၄ ရက် နေ့လယ်ပိုင်းအချိန်က တွေ့ရှိခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၄ရက်ခန့်က ခုန်ချသွားတယ်လို့ သွားရောက် ကူညီခဲ့တဲ့ ဝန်းရံမှူး လူမှုကူညီရေးအသင်းက ပြောပါတယ်။
“ရုပ်အလောင်းတွေက ဝါယာကြိုးနဲ့ပူးချည်ထားကြတာ ဘယ်ကလဲမသိရသေးဘူး”လို့ကူညီပေခဲ့းသူတဦးကပြာပါတယ်။
ခုန်ချသေဆုံးသူ နှစ်ဦးဟာ အသက် ၂၀ ကျော်အရွယ်တွေ ဖြစ်ပြီး ရုပ်အလောင်းတွေကို မြောက်ဒဂုံမြို့နယ်အတွင်းက ငမိုးရိပ်ချောင်းစပ်နားမှာပဲ လက်ချင်းကြိုးချည်ထားရက်လှေသမားတွေက တွေ့လို့ ပြန်လည်တွေ့ရှိတာလို့ အသင်းက အသိပေးထားပါတယ်။
ခုန်ချသွာရးတဲ့ အကြောင်းရင်းကိုသက်ဆိုင်ရာက စုံစမ်းနေတယ်လို့ဆိုပြီးသေဆုံးသူရဲ့ ရုပ်အလောင်းတွေကို မြောက်ဥက္ကလာပဆေးရုံ ကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
စက်တင်ဘာလ၁၃ရက်နေ့ကလဲ တောင်ဒဂုံ ငမိုးရိပ်ချောင်းဖြတ်ကူးတံတားပေါ်ကအမျိုးသမီးတဦး ခုန်ချမှုဖြစ်ပွား ရုပ်အလာင်းတွကို ရှာဖွေနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။


