Homeပြည်တွင်းသတင်းအလုပ်သမားအရေးဦးဆောင်လှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးပါ ၈ ဦးကို လာမယ့် ရုံးချိန်းမှာ အာမခံပေးသင့် မပေးသင့် အမိန့်ချမည်

အလုပ်သမားအရေးဦးဆောင်လှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးပါ ၈ ဦးကို လာမယ့် ရုံးချိန်းမှာ အာမခံပေးသင့် မပေးသင့် အမိန့်ချမည်

စက်တင်ဘာ ၂၀၂၅

အလုပ်သမားအရေးဦးဆောင်လှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးပါ ၈ ဦးကို လာမယ့် စက် တင်ဘာ ၈ ရက်နေ့ရုံးချိန်းမှာ အာမခံပေးသင့် မပေးသင့် အမိန့်ချမှတ်မှာဖြစ်တယ်လို့ သွေးစည်းညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM)ဆီကနေ သိရပါတယ်။

အခုလ စက်တင်ဘာ ၁ ရက်နေ့ ဒေါ်မျိုးမျိုးအေးပါ ၈ ဦးကို ရွှေပြည်သာမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး၊ အားမခံလျှောက်ထားမှုအပေါ်တရား ရုံးက အခုဆိုဆုံးဖြတ်ချက်အမိန့်ချခဲ့တာလို့ ဆိုပါတယ်။

လတ်တလော သွေးတိုးရောဂါအပါ ဆီးချိုရောဂါကိုပါ ခံစားနေရတဲ့ ဒေါ်မျိုးမျိုးအေးကို ဆေးချိုနဲ့ပတ်သက်တဲ့ဆေး ဝါးရရှိထားပေမဲ့ နေ့စဉ်ဆီးချိုစစ်ဆေးခွင့်ကိုတော့ မပေးဘူးလို့သိရပါတယ်။ သွားရောဂါနဲ့ပတ်သက်တဲ့ အခြေအနေကိုလည်း ဆိုးရွားစွာခံစားနေရတယ်လို့လည်း STUM ကအသိပေးထားပါတယ်။

အာမခံနဲ့ပတ်သက်လို့ ဩဂုတ်၂၅ရက်ရုံးထုတ်စစ်ဆေးစဉ်မှာလည်း ဥပဒေအရာရှိဘက်က ပယ်ချခဲ့တာဖြစ်ပြီး၊ အခု စက် တင်ဘာ ၁ ရက် ရုံးချိန်းမှာ အာမခံလျှောက်လဲချက်ကို ပေးသင့် မပေးသင့်အတွက် ကြားနာသွားမယ်လိုဆိုသော် လည်း ရုံးချိန်းထပ်မံချိန်းဆိုခဲ့တာဖြစ်ပါတယ်။

STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး ကို ဇူလိုင်လ ၂၅ရက် ည ၉ နာရီ ခွဲအချိန်မှာသူမနေထိုင်ရာ ရွှေပြည်သာမြို့နယ် နေ အိမ်ကို လာရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး ရန်ကုန်မြို့ အောင်သပြေစစ်ကြောရေးကို ‌‌ ‌ရွှေ့ပြောင်းစစ်‌ဆေး‌ပြီးနောက် ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ ၅(၁)(စ)(ဆ)နဲ့ ရုံးထုတ်စစ်ဆေးခံနေရတာဖြစ်ပါတယ်။

ဓာတ်ပုံ-STUM

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး