ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်းမြို့နယ်)၊ ဦးဝိစာရလမ်းမပေါ်မှာရှိတဲ့ ရွှေစင်အကယ်ဒမီရွှေဆိုင်ကို ဒီနေ့ ဩ ဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်လောက်မှာ လူတစုက ဝင်ရောက်ပြီး ဓားပြတိုက်တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။
ဓားပြဝင်တိုက်တဲ့လူစုကို ဆိုင်မှာရှိတဲ့ လုံခြုံရေးဝန်ထမ်းတွေက ပြန်ခုခံခဲ့တာကြောင့် ဓားပြတွေထွက်ပြေးသွားပြီး ကျုးလွန်ရာမှာပါဝင်တဲ့ ဓားပြ ၁ဦးဖမ်း ဆီးရမိတယ်လို့ ရွှေဆိုင်အနီးက မြို့ခံတဦးကပြောပါတယ်။
“ကျွန်တော်တို့လည်း ဆိုင်ဝန်ထမ်းရန်ဖြစ်တယ်ဘဲထင်တာ။ နောက်မှဓားပြတိုက် တာသိရတယ်။ အဲဒီဆိုင် လုံခြုံရေးအင် အားတောင့်တယ်။ ဖြစ်ပြီးပြီးချင်းတော့ထွက်မကြည့်ရဲဘူး။ ရဲရော စစ်တပ်ရောရောက်နေတာ။ အနီးအနားက စီစီတီဗီတွေနဲ့ ဆိုင်ထဲက စီစီတီဗီတွေဝင်စစ်နေတာတွေ့တယ်။ လမ်းမကြီးပေါ်မှာ တပ်ရော ရဲရောဆိုင်ကို လုံခြုံရေးသဘောယူထားပေးတယ်။ ဆိုင်ကတော့တံခါးပိတ်ထားတယ်”လို့ သူက ဆိုပါတယ်။
လတ်တလောကြားသိရတဲ့သတင်းအရ ဓားပုမှုကျူးလွန်သူတွေမှာ သေနတ်ကိုင်ဆောင်လာသူတဦးပါရှိတယ်လို့ သိရပေမယ့် New Day Myanmar အနေနဲ့ အတည်ပြုနေဆဲဖြစ်ပါတယ်။


