Homeပြည်တွင်းသတင်းSTUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးအပါ ဝန်ထမ်း(၁၀)ဦးကို ပုဒ်မ ၅(၁)(စ)(ဆ)ဖြင့် သီးခြားစီ အမှုစွဲဆိုပြီး မြို့နယ်တရားရုံး (၃)ရုံးမှာ ချုပ်ရီမာန်ယူ

STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးအပါ ဝန်ထမ်း(၁၀)ဦးကို ပုဒ်မ ၅(၁)(စ)(ဆ)ဖြင့် သီးခြားစီ အမှုစွဲဆိုပြီး မြို့နယ်တရားရုံး (၃)ရုံးမှာ ချုပ်ရီမာန်ယူ

ဩဂုတ် ၂၀၂၅

အလုပ်သမားအရေး ဦးဆောင်လှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးအပါဝင်ဝန်ထမ်း(၁၀)ဦးကို ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ ၅ (၁)(စ)(ဆ)နဲ့ သီးခြားစီ အမှုစွဲဆိုပြီး မြို့ နယ်တရားရုံး (၃)ရုံးမှာ ချုပ်ရီမာန်ယူထားတယ်လို့ သွေးစည်းညီညွှတ်သော သမဂ္ဂများအဖွဲချုပ်-မြန်မာ ဆီကနေ သိရပါတယ်။

တရားစွဲဆိုခံထားရတဲ့ (၁၀) ဦးဟာ ဒေါ်မျိုးမျိုးအေးအပါအဝင် သင်းထက်စံ(ဒေါ်မျိုးမျိုးအေးသမီး)၊ ရုံးဝန်ထမ်းတွေဖြစ်တဲ့စုမြတ်နွယ်၊ မြင့်မြင့်ခိုင်၊ သီဟ၊ ဇော်ထိုက်၊ ကျော်သက်နိုင်၊ ဇော်ဆန်းနိုင်၊ ဂျွန်တူးမောင်၊ ဟေမာန်ဦးတို့ဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီ ၁၀ ဦးထဲကမှ ဒေါ်မျိုးမျိုးအေးအပါ အဝင် သင်းထက်စံ(ဒေါ်မျိုးမျိုးအေးသမီး)၊စုမြတ်နွယ်၊ မြင့်မြင့်ခိုင်၊ သီဟ၊ ဇော်ထိုက်၊ ကျော်သက်နိုင်၊ ဇော်ဆန်းနိုင်တို့ (၈)ဦးကို ဩဂုတ်(၂၀)ရက်မှာ ရွှေပြည်သာမြို့နယ်တရားရုံးက ဒုတိယအကြိမ်ရုံးချိန်း ချိန်းဆိုထားပါတယ်။

ဂျွန်တူးမောင်ကို မြောက်ဥက္ကလာပမြို့နယ်တရားရုံးက ဩဂုတ်(၁၄)ရက်မှာ ရုံးချိန်း ချိန်းဆိုထားပြီး၊ ဟေမာန်ဦးကို အင်းစိန်မြို့နယ်တရားရုံးကဩဂုတ်(၁၄) ရက်မှာ ရုံးချိန်း ချိန်းဆိုထားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်၂၅ရက်နေ့ ၉နာရီခွဲအချိန်မှာ ဒေါ်မျိုးမျိုးအေးနဲ့ အဖွဲ့ဝင်တွေဟာသူမရဲ့နေအိမ်မှာဖမ်းဆီးခံရတာဖြစ်ပြီး အောင်သပြေစစ် ကြောရေး ၉မိုင်အနီး အကူ (၁)မှာ သြဂုတ် ၅ရက်နေ့ နံနက်အထိ ထိန်းသိမ်းချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

အဲဒီနောက် သြဂုတ် ၅ရက်နေ့ မနက်ပိုင်းမှာ အောင်သပြေစစ်ကြောရေးကိုပို့ ဆောင်ပြီးနောက် ညနေပိုင်းမှာ ရွှေပြည်သာ၊ မြောက်ဥက္ကလာ၊ အင်းစိန်မြို့နယ်တို့ကိုအသီးသီးလွှဲပြောင်းပို့ဆောင်ပြီးတရား စွဲဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ-STUM

ဆက်စပ် သတင်းများ

လူဖတ်အများဆုံး