Homeပြည်တွင်းသတင်းသာကေတမြို့နယ်မှ အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦး ပျောက်ဆုံးနေ၊ မိသားစုက ရှာဖွေကူညီပေးရန် တောင်းဆို

သာကေတမြို့နယ်မှ အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦး ပျောက်ဆုံးနေ၊ မိသားစုက ရှာဖွေကူညီပေးရန် တောင်းဆို

၂၆ ဇွန် ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှာ နေထိုင်တဲ့ အသက် ၂၁ နှစ်အရွယ် မောင်ထက်ဝေယံ (ခ) ကိုထက်ဟာ ဇွန်လ ၂၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်က နေအိမ်ကနေ ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အဲဒီနေ့က မိခင်ဖြစ်သူ ရေချိုးနေချိန်မှာ မောင်ထက်ဝေယံကို ရေချိုးဖို့ ပြောခဲ့ရာ သူက ပုံမှန်ရေချိုးချိန် အသုံးပြုနေကျ သဘက်နဲ့ ပုဆိုးတွေကို ယူထားခဲ့တယ်လို့ ဆိုပါတယ်။

မိခင်ဖြစ်သူ ရေချိုးပြီး နေအိမ်ပေါ် ပြန်တက်လာချိန်မှာတော့ မောင်ထက်ဝေယံဟာ နေအိမ်ကနေ ထွက်ခွာသွားပြီး ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

မောင်ထက်ဝေယံဟာ မွေးရာပါ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခက်အခဲရှိသူဖြစ်တာကြောင့် မိသားစုဝင်တွေက သူ့ရဲ့ဘေးကင်းလုံခြုံရေးအတွက် အလွန်စိုးရိမ်နေကြပါတယ်။

မိသားစုဝင်တွေဟာ နေရာအနှံ့ လိုက်လံရှာဖွေနေပေမယ့် လက်ရှိအချိန်အထိ သတင်းအစအန မရရှိသေးဘူးလို့ ဆိုပါတယ်။

မောင်ထက်ဝေယံ (ခ) ကိုထက်ကို တွေ့ရှိသူ ဒါမှမဟုတ် သူနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် သိရှိသူတွေအနေနဲ့ ဖုန်းနံပါတ် ၀၉ ၆၉၃ ၆၃၉ ၂၀ နဲ့ ၀၉ ၇၅၈ ၈၅၄ ၄၉ ကို အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးကြဖို့ မိသားစုက မေတ္တာရပ်ခံထားပါတယ်။

သတင်းပေးကူညီသူကို ကျေးဇူးဆပ်သွားမယ်လို့လည်း မိသားစုဝင်တွေက ပြောပါတယ်။

ဆက်စပ် သတင်းများ

Most Read