၂၉ ဇွန် ၂၀၂၆ | New Day Myanmar
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က ဇွန်လ ၂၁ ရက်မှာ ပျောက်ဆုံးသွားတဲ့ အသက် ၂၁ နှစ်အရွယ် မောင်ထက်ဝေယံ (ခ) ကိုထက်ကို ပြန်လည်တွေ့ရှိပြီလို့ မိသားစုဝင်တွေက အသိပေးပါတယ်။
မောင်ထက်ဝေယံဟာ ဇွန်လ ၂၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ နေအိမ်ကနေ ထွက်ခွာသွားပြီးနောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။
သူဟာ မွေးရာပါ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခက်အခဲရှိသူဖြစ်တာကြောင့် မိသားစုဝင်တွေက သူ့ရဲ့ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ပြီး လူမှုကွန်ရက်ကတစ်ဆင့် ရှာဖွေကူညီပေးဖို့ တောင်းဆိုခဲ့ပါတယ်။
မောင်ထက်ဝေယံကို ဇွန်လ ၂၆ ရက်က ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း မိသားစုက အသိပေးထားပေမယ့် ဘယ်နေရာမှာ ဘယ်လိုပြန်လည်တွေ့ရှိခဲ့တယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ရှာဖွေရေးမှာ ကူညီပေးခဲ့ကြသူတွေနဲ့ သတင်းမျှဝေပေးခဲ့ကြသူတွေကို မိသားစုဝင်တွေက ကျေးဇူးတင်ကြောင်း ပြောပါတယ်။


