Homeပြည်တွင်းသတင်းဝါးတရာစက်မှုဇုန်အတွင်း စက်ရုံတစ်ရုံ မီးလောင်ကျွမ်း

ဝါးတရာစက်မှုဇုန်အတွင်း စက်ရုံတစ်ရုံ မီးလောင်ကျွမ်း

၂၆ ဖေဖော်ဝါရီ ၂၀၂၆ | New Day Myanmar

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန် ငမိုးရိပ်လမ်းအတွင်းရှိ စက်ရုံတစ်ရုံမှာ ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက် မနက် ၁၁ နာရီ ၄၆ မိနစ်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ကို မီးသတ်ဦးစီးဌာနက Level-1 အဆင့် သတ်မှတ်ကာ မီးသတ်ယာဉ်တွေ ထွက်ခွာငြိမ်းသတ်ခဲ့တာဖြစ်ပါတယ်။

“ဖော့စက်ရုံလို့ ကြားတယ်၊ အခု သွားနေတုန်းပါ”လို့ ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့တစ်ခုက New Day Myanmar ကို ပြောပါတယ်။

မီးလောင်ကျွမ်းမှုကို မနက် ၁၂ နာရီ ၄၈ မိနစ်ခန့်မှာ အပြီးသတ် ငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ဘက်က ထပ်မံအသိပေးထားပါတယ်။

လက်ရှိအချိန်အထိ လူထိခိုက်ဒဏ်ရာရရှိမှုနဲ့ ဆုံးရှုံးပျက်စီးမှု အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးဘဲ ဆက်လက် စစ်ဆေးနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်း ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်အတွင်းရှိ တရုတ်နိုင်ငံသားပိုင် M-Brother အထည်ချုပ်စက်ရုံမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး Level-2 အဆင့် သတ်မှတ်ကာ ၈ နာရီကျော်ကြာ ငြိမ်းသတ်ခဲ့ရသေးတာလည်း ဖြစ်ပါတယ်။

Related News

Most Read