၇ ဇွန် ၂၀၂၆ | New Day Myanmar
ကျောင်းသားကျောင်းသူတွေ လွတ်လပ်စွာ ပညာသင်ယူခွင့်ကို တားမြစ်ဟန့်တားတာ မဟုတ်ကြောင်းနဲ့ ကလေးငယ်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် မြို့ပေါ်ကျောင်းတွေမှာ ကျောင်းအပ်နှံတဲ့အခါ မိဘတွေပါ မြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်ပေးကြဖို့ လောင်းလုံးမြို့နယ် PDF၊ ပအဖ၊ ပကဖ အပါအဝင် ဒေသခံတော်လှန်ရေးအင်အားစုတွေက ဇွန်လ ၆ ရက်နေ့မှာ မေတ္တာရပ်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ မေတ္တာရပ်ခံချက်ဟာ လောင်းလုံးမြို့နယ်အတွင်း စစ်ရေးတင်းမာမှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့ အခြေအနေအောက်မှာ စစ်အုပ်စုတပ်တွေက ကျောင်းကြို၊ ကျောင်းပို့ယာဉ်တွေကို အကာအကွယ်ယူ အသုံးပြုပြီး သွားလာလှုပ်ရှားနေတဲ့အတွက် ထုတ်ပြန်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကလေးသူငယ်တွေရဲ့ လုံခြုံရေးကို အဓိကထည့်သွင်းစဉ်းစားရတဲ့အတွက် အခုလို မေတ္တာရပ်ခံထားတာဖြစ်ပြီး ကျောင်းသားကျောင်းသူတွေရဲ့ ပညာသင်ယူခွင့်ကို ကန့်သတ်ဖို့ ရည်ရွယ်ချက်မရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ တနင်္သာရီတိုင်းဒေသကြီးအတွင်း စစ်ရေးပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပြီး ကျောင်းသားကျောင်းသူတွေရဲ့ လုံခြုံရေးနဲ့ ပညာသင်ကြားရေးကိစ္စတွေဟာ ဒေသခံပြည်သူတွေအကြား အထူးစိုးရိမ်ရတဲ့ အခြေအနေတစ်ရပ်အဖြစ် ရှိနေပါတယ်။


